မိုးညှင်းရဲစခန်း

July 24, 2021

မိုးညှင်းရဲစခန်းတွင် အချုပ်သား ၇ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ ရဲစခန်းအတွင်း အချုပ်ကျနေတဲ့ အချုပ်သား ၇ ဦးကို ဇူလိုင် ၂၃ ရက်က စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

“အချုပ်သား ၁၃ ယောက်ကို စစ်တဲ့အထဲမှာ ပိုးကူးစက်ခံထားရတာ ၇ ဦး တွေ့တယ်။ အသက် ၇၆ နှစ် အမျိုးသားတစ်ဦး အပါအဝင် အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့တယ်” လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုဗစ်-၁၉ ပိုးတွေ့ရှိတဲ့ အချုပ်သားတွေကို  အချုပ်သား ဆေးကုဆောင်မှာပဲ ထားရှိပြီး  မိုးညှင်းရဲစခန်းက ရဲဝန်ထမ်းတွေထဲမှာလည်း  ပိုးကူးစက်ထားသူ ၁၀ ဦးကျော်ရှိလာပြီ ဖြစ်ပါတယ်။

ဇူလိုင် ၁၃ ရက်က မိုးညှင်းမြို့နယ်ရဲမှူးရဲ့ဇနီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက် ဆေး ကုသစဉ် သေဆုံးခဲ့ပြီး အခုအခါ မိုးညှင်းမြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း ၄၀၀ ကျော်ရှိ ပြီဖြစ်ကာ သေဆုံးသူ ၂ ဦး ရှိပြီ ဖြစ်ပါတယ်။

3 months Ago
Up