မိုးခေါင်မှု

December 27, 2020

ကနီမြို့နယ်တွင် မိုးခေါင်မှုကြောင့် သီးနှံစိုက်ဧက ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ မိုးခေါင်တာကြောင့် သီးနှံစိုက်ဧက ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ ကနီမြို့နယ်စိုက်ပျိုးရေးဌာန ဦးစီးမှူး ဦးမျိုးနိုင်က “ကျနော်တို့ ကုန်းပိုင်းကျတော့ မိုးရေလည်း မရ၊ သွင်းရေလည်း မရတော့  တံစဉ်လွတ်ပျက်စီးဆုံးရှုံးတယ်။ မိုးလို၊‌ မိုးခေါင်လို့ ပျက်စီး ဆုံးရှုံးမှုက ၁၀၉၈ ဧကရှိပါတယ်။ ပျက်စီးဆုံးရှုံးတဲ့ အရာတွေကို တာဝန်ရှိသူတွေနဲ့ ပူးပေါင်းစာရင်း ကောက်ယူပြီး အထက်ကို တင်ပြထားပါတယ်။ ဒီလိုမိုးခေါင်လို့‌ တောင်သူ‌တွေရဲ့ သီးနှံတွေ နောက်နှစ်တွေမှာ မဆုံးရှုံးရအောင် ရေတွင်းတွေ တူးဖော်ပြီး စိုက်ရင်တော့ ကောင်းတာပေါ့။ ကျနော်တို့ စိုက်ပျိူးရေးဌာနအနေနဲ့ တောင်သူတွေ‌ နောက်နှစ်တွေမှာ ဒီလိုမဆုံးရှုံးရအောင် ရေတွင်းတွေ တူးပေးဖို့ တောင်းဆိုထားတာလည်း ရှိပါတယ်” လို့ ပြောပါတယ်။ ကနီမြို့နယ်အတွင်း အိမ်ထောင်စု ၇၆၀ ကျော်၊ လူဦးရေ ၃၀၀၀ ကျော်နေထိုင်တဲ့ ခုံကြီးကျေးရွာအုပ်စုက စိုက်ပျိုးထားတဲ့ ပဲကြီးသီးနှံ ပျက်စီးမှုအများဆုံးဖြစ်တယ်လို့ ခုံကြီးအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က DVB ကို ပြောပါတယ်။ “ကျနော့်အုပ်စုထဲမှာ ထူးထူးခြားခြား သီနှံအများဆုံး ပျက်စီးနေတယ်။ ဘာကြောင့် ပျက်စီးရလဲ ဆိုရင်တော့ ဒီနှစ် အဆမတန်မိုးခေါင်တယ်။ အဲလိုမိုးခေါင်တော့ တောင်သူတွေ စိုက်ပျိုးထားတဲ့ သီးပင်တွေ ရေဓာတ်ဆုံးရှုံးပြီးတော့ အားအင်တွေမပြည့်ဝတော့ ရောဂါပိုးတွေ ဝင်လာပြီး တောင်သူတွေရဲ့ သီးနှံတွေ ရာနှုန်းပြည့်ဆုံးရှုံးသွားပါပြီ။ အရင်နှစ်က ပါဟဲရွာရဲ့ ပဲကြီး အထွက်နှုန်းကတော့ တင်းရေ ၂၀,၀၀၀ ကျော်ထွက်တယ်။ ဒီလို တောင်သူ‌တွေ သီးနှံပျက်စီး ဆုံးရှုံးသွားတော့ အခက်အခဲတွေက နံပါတ် ၁ အနေနဲ့ မြိုနယ်စိုက်ပျိုးရေးဘဏ်ကနေ ချေးယူထားတဲ့ ချေးငွေတွေ ပြန်လည်ဆပ်ဖို့ရာ ခက်ခဲသွားတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက အခုလို မဖြစ်ခဲ့ဖူးဘဲ အခုနှစ်မိုးခေါင်တာကြောင့် စိုက်ပျိုးထားတဲ့ ပဲသီးနှံတွေ ပျက်စီးခဲ့တာဖြစ်ပြီး စားဝတ်နေရေး အခက်အခဲ ကြုံနေကြတယ်လို့ ပါဟဲကျေးရွာ တောင်သူ ဦးဝင်သိန်းက ပြောပါတယ်။ ခုံကြီးအုပ်စုက ကျေးရွာအားလုံးဟာ ပဲကြီးသီးနှံကို အားထားစိုက်ပျိုးကြပြီး သီးနှံ ပျက်စီး ဆုံးရှုံးလို့ စားဝတ်နေရေးနဲ့ စိုက်ပျိုးစရိတ်ပေးဆပ်ဖို့ အခက်ကြုံနေကြကာ ရပ်ကျေးစိုက်ပျိုးရေး တာဝန်ရှိသူတွေကို အချိန်နောက်ဆုတ်ပေးဖို့ တင်ပြထားတယ်လို့ သိရပါတယ်။ ကနီမြို့နယ်အတွင်း ကျေးရွာအုပ်စု ၄၈ အုပ်စုရှိပြီး စိုက်ပျိုးဘဏ် မိုးချေးငွေ သိန်းပေါင်း ၆၁,၀၀၀ ခန့်၊ ဆောင်းချေးငွေသိန်းပေါင်း ၁၄၀၀၀‌ ကျော်ရှိတယ်လို့ သိရပါတယ်။ ကနီမြို့နယ်စိုက်ပျိုးရေးဘဏ် မန်နေဂျာ ဦးဇော်လင်းအောင်က “ကျနော်တို့ဘဏ်ဘက်ကတော့ အတိုးရော/အရင်းပါချေးငွေကို ကောက်ခံမယ်၊ လက်ရှိအချိန်အထိပေါ့ဗျာ။ အထက်က ညွှန်ကြားမှု တစုံတရာရှိခဲ့ရင်တော့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရမယ်” လို့ ပြောပါတယ်။ တောင်သူတွေ သီးနှံပျက်စီးပြီး အခက်အခဲကြုံနေတဲ့အပေါ် ကနီမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ယင်းမာပင်ခရိုင်အတွင်းက မြို့နယ်တွေသာမက ဘုတလင်မြို့နယ်တို့မှာ သီးနှံပျက်စီးဆုံးရှုံးမှု ဧကထောင်နဲ့ချီရှိပြီး ပြည်ထောင်စုအစိုးရ သိအောင် တင်ပြပေးသွားမယ်လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ၂၀၂၀ ပြည့်နှစ်မှာ မိုးရွာသွန်းမှု နည်းတာကြောင့် သီးနှံပျက်စီး ဆုံးရှုံးတာတွေအပြင် တချို့ကျေးရွာတွေမှာ သောက်သုံးရေရှားပါးမှုဒဏ်လည်း ခံနေရတယ်လို့  သိရပါတယ်။ သတင်း - ကိုကျော်မင်းသန့်
4 months Ago

September 18, 2019

ချီလီနိုင်ငံတွင် ဆယ်စုနှစ်အတွင်း  အဆိုးရွားဆုံး မိုးခေါင်မှုနှင့်ကြုံတွေ့နေ

ချီလီနိုင်ငံတဝန်း နေရာ လေးပုံသုံးပုံလောက်မှာ မိုးခေါင်နေပြီး ကျန်ခဲ့တဲ့ ဆယ်စုနှစ်ဟာ မှတ်တမ်းတင်ထားသမျှထဲမှာ အခြောက်သွေ့ဆုံး ဆယ်စုနှစ် ဖြစ်ခဲ့တယ်လို့ ချီလီ ရာသီဥတု ပြောင်းလဲမှု မှတ်တမ်းရုံးက ပြောပါတယ်။ မြို့တော် စန်တီယာဂိုရဲ့ မြောက်ဘက် ၃၇ မိုင်အကွာ ကျေးလက်ဒေသ ရွန်ဂေးမှာ ဒီတနှစ်လုံး မိုးမရွာသလောက်ပဲလို့ သောက်သုံးရေ ရရှိရေး ဒေသန္တရဝန်ကြီးက ပြောပါတယ်။ မြို့နေလူတွေသာ မိုးခေါင်တဲ့ဒဏ်ကို ခံစားရတာ မဟုတ်ပါဘဲ  ဒေသတွင်းက အိမ်မွေး တိရစ္ဆာန် ကောင်ရေ ၃၀၀၀ ကျော်ကို ဒေသရဲ့ တောင်ဘက် ၂၄၈ မိုင်အကွာက ခြောက်သွေ့မှု သက်သာတဲ့ နယ်မြေဆီ သယ်ပို့ပေးဖို့ အစီအစဉ် စလုပ်နေရပါတယ်။  ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ဖို့ရော ဒေသတွင်း ရေသုံးမှုနဲ့ အလွဲသုံးစားမှုတွေကို စည်းမျဉ်း ကြပ်မတ်ဖို့ပါ အစိုးရက မူဝါဒတွေ ချမှတ်သင့်တယ်လို့  Green Peace အဖွဲ့ကြီးရဲ့ ချီလီ ကိုယ်စားလှယ် စတက်ဖနီ ဂွန်ဇာလဲ့က ပြောပါတယ်။  မြို့တော် စန်တီယာဂိုမှာ ဒီနှစ် ဒီဇင်ဘာ ၂ ရက်ကနေ ၁၃ ရက်ကြာ ကျင်းပမယ့် ၂၀၁၉ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ညီလာခံကို လက်ခံကျင်းပမှာ ဖြစ်လို့ ချီလီဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး မီးမောင်းထိုးပြခံရလိမ့်မယ်လို့လည်း ပြောပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ခ်ီလီႏိုင္ငံတြင္ ဆယ္စုႏွစ္အတြင္း  အဆိုး႐ြားဆုံး မိုးေခါင္မႈႏွင့္ႀကဳံေတြ႕ေန ခ်ီလီႏိုင္ငံတဝန္း ေနရာ ေလးပုံသုံးပုံေလာက္မွာ မိုးေခါင္ေနၿပီး က်န္ခဲ့တဲ့ ဆယ္စုႏွစ္ဟာ မွတ္တမ္းတင္ထားသမွ်ထဲမွာ အေျခာက္ေသြ႕ဆုံး ဆယ္စုႏွစ္ ျဖစ္ခဲ့တယ္လို႔ ခ်ီလီ ရာသီဥတု ေျပာင္းလဲမႈ မွတ္တမ္း႐ုံးက ေျပာပါတယ္။ ၿမိဳ႕ေတာ္ စန္တီယာဂိုရဲ႕ ေျမာက္ဘက္ ၃၇ မိုင္အကြာ ေက်းလက္ေဒသ ႐ြန္ေဂးမွာ ဒီတႏွစ္လုံး မိုးမ႐ြာသေလာက္ပဲလို႔ ေသာက္သုံးေရ ရရွိေရး ေဒသႏၲရဝန္ႀကီးက ေျပာပါတယ္။ ၿမိဳ႕ေနလူေတြသာ မိုးေခါင္တဲ့ဒဏ္ကို ခံစားရတာ မဟုတ္ပါဘဲ  ေဒသတြင္းက အိမ္ေမြး တိရစာၦန္ ေကာင္ေရ ၃၀၀၀ ေက်ာ္ကို ေဒသရဲ႕ ေတာင္ဘက္ ၂၄၈ မိုင္အကြာက ေျခာက္ေသြ႕မႈ သက္သာတဲ့ နယ္ေျမဆီ သယ္ပို႔ေပးဖို႔ အစီအစဥ္ စလုပ္ေနရပါတယ္။ ရာသီဥတု ေျပာင္းလဲမႈ တိုက္ဖ်က္ဖို႔ေရာ ေဒသတြင္း ေရသုံးမႈနဲ႔ အလြဲသုံးစားမႈေတြကို စည္းမ်ဥ္း ၾကပ္မတ္ဖို႔ပါ အစိုးရက မူဝါဒေတြ ခ်မွတ္သင့္တယ္လို႔  Green Peace အဖြဲ႕ႀကီးရဲ႕ ခ်ီလီ ကိုယ္စားလွယ္ စတက္ဖနီ ဂြန္ဇာလဲ့က ေျပာပါတယ္။ ၿမိဳ႕ေတာ္ စန္တီယာဂိုမွာ ဒီႏွစ္ ဒီဇင္ဘာ ၂ ရက္ကေန ၁၃ ရက္ၾကာ က်င္းပမယ့္ ၂၀၁၉ ကုလသမဂၢ ရာသီဥတု ေျပာင္းလဲမႈ ညီလာခံကို လက္ခံက်င္းပမွာ ျဖစ္လို႔ ခ်ီလီဟာ ရာသီဥတု ေျပာင္းလဲမႈနဲ႔ ပတ္သက္ၿပီး မီးေမာင္းထိုးျပခံရလိမ့္မယ္လို႔လည္း ေျပာပါတယ္။
2 years Ago
Up