မိုးကောင်း

July 22, 2021

မိုးကောင်းမြို့တွင် တစ်ရက်တည်း ကိုဗစ်ပိုးတွေ့လူနာ ၅ ဦးသေဆုံး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ  ဇူလိုင် ၂၂ ရက် ဒီနေ့ တစ်ရက်တည်းမှာပဲ ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံထားရတဲ့ အတည်ပြုလူနာ  ၅ ဦး သေဆုံးသွားတယ်လို့  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။

မိုးကောင်းမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း သီးသန့်ဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်လူနာ  အမျိုးသား ၂ ဦး က မနက်ပိုင်းမှာသေဆုံးသွားပြီး  မွန်းလွဲပိုင်းမှာ အမျိုးသမီး ၂ ဦး နဲ့ အမျိုးသား ၁ ဦး ထပ်မံသေဆုံးသွားတာလို့  ကျန်းမာရေး ဝန်ထမ်းတစ်ဦးကပြောပါတယ်။

ကိုဗစ်တတိယလှိုင်းအတွင်း ကချင်ပြည်နယ် မိုးကောင်းမြို့မှာ  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၁ ဦး ရှိကာ ဇူလိုင် ၂၁ ရက်နေ့ကစတင်ပြီး Stay at Home အမိန့်ထုတ်ထားပါတယ်။

2 weeks Ago

June 13, 2021

မိုးကောင်းမြို့က အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင် အရုဏ်ဦးသပိတ်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ဇွန် ၁၃ ရက် မနက်က ၄ နာရီခွဲလောက်က ဒေသခံပြည်သူတွေဟာ မြို့တွင်းလှည့်လည်ပြီး နံနက်ခင်းအရုဏ်ဦးသပိတ်ကို ငြိမ်းချမ်းစွာ ဆင်နွှဲခဲ့ကြပါတယ်။

"အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရဲတွေက မြို့ပေါ်မှာလုံခြုံရေးတင်းကျပ်ပြီး လှည့်ကင်းပတ်ကင်းတွေနဲ့ လှည့်လည်နေကြပေမယ့် စစ်အာဏာရှင်အစိုးရပြုတ်ကျရေးအတွက် အချိန်၊ နေရာသတ်မှတ်မထားပဲ ကြုံသလိုဆန္ဒပြနေကြရပါတယ်"လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

မိုးကောင်းမြို့ နေ့စဉ်လိုလို မနက်ခင်း အရုဏ်ဦးသပိတ်၊ ဆိုင်ကယ်သပိတ်နဲ့ ညသပိတ်တွေ ပြုလုပ် ဆန္ဒပြနေကြတာဖြစ်ပြီး စစ်တပ်တွေလုံခြုံရေးတင်းကျပ်တဲ့နေ့တွေမှာဆိုရင် မြို့ပြင် လယ်ကွင်းတွေထဲထွက်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စာတန်း‌တွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။

2 months Ago
More News
Up