မိုးကုတ်

May 6, 2021

မိုးကုတ်တွင် သားကိုဖမ်းမမိသဖြင့် မိခင်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး

မန္တလေးတိုင်း၊ မိုးကုတ်မြိ​ု့မှာ ​မေ ၆ ရက်က အကြမ်းဖက်စစ်အုပ်စုက ဆန္ဒပြလူငယ်တစ်ဦးကို သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးရာမှာ လူငယ်မရှိတာကြောင့်မိခင်ကို ဓားစားခံအဖြစ် ဖမ်းဆီးသွားပါတယ်။ 

အကြမ်းဖက်စစ်အုပ်စုက မေလ ၅ ရက် နေ့ခင်းပိုင်းမှာလည်း အသက် ၁၄ နှစ်အရွယ်ကလေးနှစ်ဦးကို ဖမ်းဆီးသွားပြီး ရိုက်နှက်ကာ ပြန်ပို့လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မိုးကုတ်မှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေကိုလိုက်လံ ဖမ်းဆီးနေပြီး ဖမ်းဆီးမည့်သူမရှိပါက မိသားစုဝင်တွေကို ဖမ်းဆီးနေတာဖြစ်တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုက ဆန္ဒပြရာမှာ ပါဝင်တဲ့ ပြည်သူတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

14 hours Ago

May 4, 2021

မိုးကုတ်မြို့တွင် အမျိုးသမီး ၁ ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မေလ ၄ ရက် ဒီနေ့မနက် ၆ နာရီဝန်းကျင်က အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးကို သူ့ရဲ့နေအိမ်မှာ အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားပါတယ်။

ဘာကြောင့်ခေါ်သွားတယ်ဆိုတာကို မသိရဘဲ၊ မေးမြန်းစရာရှိလို့ဆိုပြီး ရဲနဲ့ စပ်တပ် အကြမ်းဖက်စစ်အုပ်စုက အိမ်စီးကား ၂ စီးနဲ့ လာခေါ်သွားတာလို့ သူနဲ့ နီးစပ်တဲ့မြို့ခံတဦးက ပြောပါတယ်။

မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက  ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေ၊ သပိတ်ခေါင်းဆောင်တွေ၊ CDM ဝန်ထမ်းတွေကို နေအိမ်တွေမှာ လိုက်လံဖမ်းဆီးနေပြီး နေအိမ်အတွင်းက ပစ္စည်းတွေကိုလည်း လုယက်ယူဆောင်တာမျိုးတွေ လုပ်နေတယ်လို့ သိရပါတယ်။

3 days Ago
More News
Up