မိုင်းကွဲ

July 21, 2021

ဖာပွန်မြို့နယ်၌ မိုင်းကွဲပြီး စစ်ကောင်စီတပ်သား ၅ ဦးသေ၊ ၆ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ ဇူလိုင် ၂၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး မိုင်းထိသေဆုံးပြီး  ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဇူလိုင် ၁၈ ရက်က  စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကား ၁၇ စီးပါ စစ်ယာဉ်တန်းဟာ  ကေအန်ယူတပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲကို  ဝင်ရောက်လာရာ ကား ၁ စီး မိုင်းထိပေါက်ကွဲခဲ့ပါတယ်။

အဆိုပါမိုင်းထိပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့တဲ့ကားကို စစ်တပ်က မနေ့က လာရောက်စစ်ဆေးစဉ် ထပ်မံပြီး မိုင်းတစ်လုံး ပေါက်ကွဲခဲ့တာလို့ ကတိုင်တိကျေးရွာနေ မျက်မြင် ဒေသခံရွာသား တစ်ဦးက ပြောပါတယ်။

“မိုင်းထိထားတဲ့ကားကို စစ်ဆေးနေချိန်မှာ နောက်ထပ်မိုင်းတစ်လုံး ထပ်ပေါက်တယ်။ အဲဒီပေါက်ကွဲမှုကြောင့် သူတို့တပ်ဖွဲ့ဝင် ၅ ယောက် ပွဲချင်းပြီး သေတယ်။ ၆ ယောက် ဒဏ်ရာရတယ်” လို့ မျက်မြင်ဒေသခံရွာသားတစ်ဦးက ဆိုပါတယ်။

မိုင်းထပ်ကွဲတဲ့နေရာကို ကတိုင်တိကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ထိခိုက်ဒဏ်ရာရသူတွေကို ကမမောင်းမြို့ကို ပြန်လည်ပို့ဆောင်သွားမယ်လို့ သိရှိရကြောင်း ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး  ကေအန်ယူသတင်းဌာနက သတင်းထုတ်ပြန်ထား ပါတယ်။

2 months Ago

June 8, 2021

မံစီမြို့တွင် မိုင်းကွဲပြီး ပြည်သူ ၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ နာဇရက်ရပ်ကွက် မီးသတ်ရုံးအကျော် တံတားအနီးမှာ ဇွန်လ ၈ ရက် မနက် ၈ နာရီကျော်လောက်က  ကျောင်းပို့သွားတဲ့  ခလရ ၃၁၉ စစ်တပ်ကား အပြန်မှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

စစ်တပ်ကားက ကျော်သွားချိန်မှာ မိုင်းပေါက်ကွဲခဲ့တာကြောင့် ဆိုင်ကယ်စီးပြီး ကျောင်းသွားပို့တဲ့ နာဇရက်ရပ်ကွက်နေ အဒေါ်နဲ့ တူမဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တူမဖြစ်သူမှာ ဆိုင်ကယ်လဲကျတဲ့ အရှိန်နဲ့ ကျောပြင်မှာ အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဒေါ်ဖြစ်သူကတော့ မိုင်းစထိမှန် သတိမေ့မြောကာ ဗန်းမော်ရှိ ၄ မိုင်စစ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေတယ်လို့  မံစီဒေသခံတချို့ကပြောပါတယ်။

မိုင်းစထိမှန်ခဲ့တဲ့ အဒေါ်ဖြစ်သူမှာ အသက် ၂၀ ကျော် အရွယ်မဆိုင်းပန် ဖြစ်ပြီး သူ့ရဲ့ တူမဖြစ်သူကတော့  ၆ တန်းကျောင်းသူဖြစ်ပါတယ်။

4 months Ago
More News
Up