မိုင်တဲလ်တာဝါတိုင်

January 13, 2022

ရေးမြို့ ၌ မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

မွန်ပြည်နယ်  ရေးမြို့နယ် မြောက်ပိုင်း ဒုံဖီ စံပြကျေးရွာရှိ မိုင်တဲတာဝါတိုင်ကို ဇန်နဝါရီ ၁၂ ရက်နေ့  ညနေ ၅ နာရီ ၂၀ မိနစ်လောက် မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။

“တာဝါတိုင်ကို ရေး PDF က မိုင်းခွဲဖျက်ဆီးခဲ့တယ်။ စစ်ကောင်စီရဲ့ ၀င်ငွေတွေ မရရှိအောင် ဖြတ်တောက်တဲ့အနေနဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်မှန်သမျှအားလုံးကို အခုလို ဖျက်ဆီးခဲ့တာဖြစ်ပြီး ရေးမှာ မိုင်တဲလ်တာဝါတိုင်ပေါင်း ဒီနေ့အထိ ၅ တိုင်လောက် ဖျက်ဆီးထားတယ်” လို့ ရေး PDF တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာလအထိ စာရင်းတွေအရ မြန်မာနိုင်ငံအနှံ့ မိုင်တဲလ်ကုမ္ပဏီရဲ့ ဆက်သွယ်ရေးတာဝါ တိုင်ပေါင်း ၃၆၀ ကျော် ဖျက်ဆီးခံခဲ့ထားရပြီး တာဝါတိုင်တစ်စုံလုံးရဲ့ တန်ဖိုးဟာ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်ရှိပြီး စုစုပေါင်း ကျပ်ငွေ ၇၂ ဘီလီယံအထိ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

2 weeks Ago

December 4, 2021

မြိုင်မြို့နယ်တွင် စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် ၁ တိုင် ဖောက်ခွဲ ဖျက်ဆီးခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဒီဇင်ဘာလ ၄ ရက် ဒီနေ့ မွန်းလွဲပိုင်းက စစ်တပ်ပိုင် မိုင်တဲလ် တာဝါတိုင် ၁ တိုင်ကို   ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့  မြိုင် PDFတပ်ဖွဲ့ကနေ သိရပါတယ်။

မြိုင်မြို့နယ် စဘေနဲ့ ထန်းငယ်တောရွာနားမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အဓိက စီးပွားရေးဒေါက်တိုင်ဖြစ်တဲ့ မိုင်တဲလ် တာဝါတိုင်  တတိုင်ကို  ဒီကနေ့  မွန်းတည့်  ၁၂ နာရီလောက်မှာ မြိုင် PDFတပ်ဖွဲ့က ဖောက်ခွဲ ဖျက်ဆီးခဲ့ကြတယ်လို့ မြိုင် PDFတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကျနော်တို့ အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စီပွားရေးဒေါက်တိုင်တွေအားလုံးကို ရရာနည်းနဲ့ ဖြိုလှဲဖျက်ဆီးပစ်ရမယ်။ စစ်ကောင်စီမိသားစုတွေနဲ့ ဆက်နွှယ်တဲ့သူတွေ ထုတ်လုပ်တဲ့ ထုတ်ကုန်ပစ္စည်း အားလုံးကို သပိတ်မှောက်ကြရမယ်။ ပြည်သူလူထုအနေနဲ့လည်း စစ်အုပ်စုက ထုတ်တဲ့ ပစ္စည်းမှန်သမျှကို မသုံးစွဲခြင်းနဲ့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းချင်တယ်လို့ ဆိုပါတယ်။

မြိုင် PDFတပ်ဖွဲ့အနေနဲ့  နောက်နောင်မှာလည်း စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့  ဒလန်တွေ၊ စီးပွားရေးမိတ်ဖက်တွေ စစ်ကောင်စီတပ်တွေကို တိုက်ခိုက် ခြေမှုန်းသွားမယ်လို့ ဆိုပါတယ်။

မိဘပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ နီးစပ်တဲ့နေရာတွေမှာမနေထိုင်ကြဖို့နဲ့ ခရီးသွား ယာဥ်မောင်းတွေအနေနဲ့ လည်း ကားမှန်တွေကို အောက်ချပြီးမှ မောင်းနှင်ကြဖို့ ထပ်မံ သတိပေးထားပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် နိုဝင်ဘာ ၃၀ ရက်နေ့အထိ  မိုင်းခွဲ မီးရှို့ဖျက်ဆီးခံရတဲ့  တယ်လီဖုန်းတာဝါတိုင် ပေါင်း ၄၀၉ ခု ရှိပြီလို့ စစ်ကောင်စီက ကြေညာထားပါတယ်။

2 months Ago
More News
Up