မိုချန်ဂလာဘတ်

June 14, 2020

ဘိုင်ယန်က မိုချန်ဂလာဘတ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရ၊ ချန်ပီယံဖြစ်ရန် နီးစပ်လာ 

မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းက မိုချန်ဂလာဘက်ကို အနိုင်ရခဲ့တာကြောင့် ချန်ပီယံဖြစ်ဖို့ နီးစပ်လာခဲ့ပါတယ်။  ဘိုင်ယန်အသင်းဟာ တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ သောမက်စ်မူလာတို့ ပွဲပယ်ပြစ်ဒဏ်တွေကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့ပေမယ့် လိုအပ်တဲ့ အနိုင် ၃ မှတ်ကိုတော့ ရယူနိုင်ခဲ့တာပါ။ ပွဲအစ ၂၆ မိနစ်ကတည်းက ဂိုးသမားရဲ့အမှားကနေ ဘိုင်ယန်လူငယ်တိုက်စစ်မှူး ဂျိူရူအာဇာခ်ဇီက ဦးဆောင်ဂိုးသွင်းခဲ့ပြီး ပွဲချိန် ၃၇ မိနစ်မှာ ပါဗက်ဒ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ ပထမပိုင်းမှာ ၁ ဂိုးစီ သရေကျနေခဲ့တာပါ။  ဒုတိယပိုင်းမှာ အပြန်အလှန်ကစားခဲ့ကြပြီး ဘိုင်ယန်အသင်းက ကိုမန်၊ ဒေးဗီးစ်တို့ကို လူစားလဲ တိုက်စစ်ဆင်ခဲ့ပေမယ့်  ဂလာဘက်ခံစစ်က အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။  ဒါပေမဲ့ ပွဲချိန် ၈၆ မိနစ်အရောက်မှာ ဘိုင်ယန်တို့ အနိုင်ဂိုးရခဲ့ပြီး ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာက သွင်းယူခဲ့တာပါ။  ဒီပွဲအနိုင်ကြောင့် ဒုတိယနေရာက ဒေါ့မွန်ကို ၇ မှတ် ဖြတ်ခဲ့တဲ့ ဘိုင်ယန်အသင်းဟာ ဇွန်လ ၁၇ ရက်မှာ ကစားမယ့် ဝါဒါဘရီမင်နဲ့ပွဲမှာ အနိုင်ရခဲ့ရင် ချန်ပီယံဖြစ်ဖို့သေချာသွားမှာ ဖြစ်ပါတယ်။
11 months Ago
Up