မိသားစုနှင့်တွေ့ခွင့်မရ

April 2, 2021

မိုးကုတ်မြို့နယ်တွင် ဖမ်ဆီးခံထားရသူများ မိသားစုနှင့် တွေ့ခွင့်မရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ မတ်လ ၂၇ ရက်နေ့က  စစ်အုပ်စုရဲ့ ဖမ်းဆီးခံထားရတဲ့သူတွေကို ဧပြီ ၂ ရက်နေ့ထိ မိသားစုဝင်တွေက တွေ့ခွင့်မရှိသေးဘူးလို့  ဖမ်းဆီးခံ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြပြီး  ထမင်းပဲပို့ခွင့်ရှိတယ်လို့လည်း သိရပါတယ်။

မတ်လ ၂၇ ရက်က မိုးကုတ်မြို့အနောက်ပိုင်းသပိတ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူတွေကို  ပြန်လွှတ်ပေးဖို့ ဒေသခံတွေကသွားရောက်တောင်းဆိုရာမှာ ရဲကပစ်ခတ် တိုက်ခိုက်တာကြောင့် ပြည်သူ ၃ ယောက် သေဆုံးပြီး ၆ ယောက်အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

မိုးကုတ်မှာ မတ်လ ၂၇ ရက်နေ့က ဒဏ်ရာရပြည်သူ  ၄၅ ယောက်ရှိခဲ့ကာ သေဆုံးသူ ၁၁ ယောက် ရှိခဲ့ပါတယ်။

3 months Ago
Up