မိန့်လန်နိုင်းစ်

December 25, 2020

ထရစ်ပီယာနေရာ မိန့်လန်နိုင်းစ်နှင့် အစားထိုးရန် အက်သလက်တီကို စီစဉ်

အက်သလက်တီကိုအသင်းဟာ ထရစ်ပီယာရဲ့ နေရာအတွက် အာဆင်နယ်နောက်ခံလူ မိန့်လန်နိုင်းစ်ကို ခေါ်ယူလိုနေတယ်လို့သိရပါတယ်။  အင်္ဂလန်နောက်ခံလူ ထရစ်ပီယာဟာ လောင်းကစားဥပေဒနဲ့ပတ်သက်ပြီး ဘောလုံးလောက နဲ့ ၁၀ ပတ်ကြာ ပိတ်ပင်ခံခဲ့ရပြီး ဒဏ်ငွေပေါင်၇သောင်းလည်း တပ်ရိုက်ခံခဲ့ရတာပါ။  ဒါကြောင့် ညာနောက်ခံလူ မိန့်လန်နိုင်းစ်ကို ခေါ်ယူဖို့ အက်သလက်တီကိုအသင်းက စိတ် ဝင်စားလာခဲ့တာဖြစ်ပါတယ်။ မိန့်လန်နိုင်းစ်ဟာ အာဆင်နယ်မှာလည်း ပုံမှန်ပွဲထွက်ခွင့် မရခဲ့တာကြောင့် အာဆင်နယ် အသင်းဘက်က အငှားချ ဖို့စဉ်းစားနိုင်တယ်လို့ သိရပါတယ်။ 
4 months Ago

August 31, 2020

မိန့်လန်နိုင်းစ်နှင့် ကိုအာဒီတို့ အင်္ဂလန်အသင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခံရ

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ အာဆင်နယ်နောက်ခံလူ မိန့်လန်နိုင်းစ် နဲ့ ဝုဗ်နောက်ခံလူ  ကိုအာဒီတို့ကို အားဖြည့်ရွေးချယ်ခဲ့ပါတယ်။  အင်္ဂလန်အသင်းဟာ ကစားသမား ၂၃ ဦးနဲ့ စတင်လေ့ကျင့်နေတာဖြစ်ပြီး မိန့်လန်နိုင်းစ်နဲ့ ကိုအာဒီတို့ကို သြဂုတ် ၂၉ ရက်က ထပ်မံခေါ်ယူခဲ့တာဖြစ်ပါတယ်။  အာဆင်နယ် နောက်ခံလူ မိန့်လန်နိုင်းစ်ဟာ အာဆင်နယ်နည်းပြအာတီတာရဲ့ ကစားကွက်မှာ ဘယ်အစွန်နေရာမှာ ခြေစွမ်းပြခဲ့တာကြောင့်  နည်းပြဆောက်ဂိတ်က ကွင်လယ်ပိုင်းအတွက် ရွေးချယ်ခဲ့တာလို့ သိရပါတယ်။  အသက် ၂၇ နှစ်ရှိ ဗဟိုခံစစ်မှူး ကိုအာဒီဟာလည်း ဝုဗ်အသင်းနဲ့အတူ ခြေစွမ်းပြသနိုင်ခဲ့ပြီး  ပထမဆုံးအကြိမ် အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။  အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ်ပွဲစဉ်တွေအဖြစ် စက်တင်ဘာ ၅ ရက်မှာ အိုက်စလန်၊ စက်တင်ဘာ ၈ ရက်မှာ ဒိန်းမတ်အသင်းတွေနဲ့ ကစားရမှာဖြစ်ပါတယ်။
8 months Ago
Up