မိနစ် ၂၀ အတွင်း ၅ ဂိုးသွင်းယူခဲ့သည့် အက်ဂွါရို (ရုပ်သံဟိုက်လိုက်)

October 4, 2015

မိနစ် ၂၀ အတွင်း ၅ ဂိုးသွင်းယူခဲ့သည့် အက်ဂွါရို (ရုပ်သံဟိုက်လိုက်)

အောက်တိုဘာ ၃ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးက နယူးကာဆယ်ကို ၆-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိသွားပါတယ်။ နယူးကာဆယ်အသင်းအတွက် တလုံးတည်းသော ဂိုးကို ပွဲစပြီး ၁၈ မိနစ်မှာ အလက်ခ်စံဒါ မစ်ထရိုဗစ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ တိုက်စစ်မှူး အက်ဂွါရိုက ပွဲချိန် ၄၂၊ ၄၉၊ ၅၁၊ ၆၀ နဲ့ ၆၂ စတဲ့ မိနစ် ၂၀ အတွင်းမှာ ၅ ဂိုးထိ သွင်းယူကာ ခြေစွမ်းပြခဲ့ပြီး ကီဗင် ဒီဘရူနီက ၅၄ မိနစ်မှာ ၁ ဂိုး သွင်းယူခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဒီပွဲအနိုင်ကြောင့် ၈ ပွဲကစား ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်ရောက်ရှိသွားပါတယ်။ နယူးကာဆယ်အသင်းကတော့ ဒီပွဲအရှုံးကြောင့် ၈ ပွဲကစား ရမှတ် ၃ မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးအဆင့်မှာ ရပ်တည်နေပါတယ်။
6 years Ago
Up