မာလ်မိုကို ရှုံးပြီး ဆဲလ်တစ် ချန်ပီယံလိဂ်ကထွက် (ရုပ်သံ)

August 26, 2015

မာလ်မိုကို ရှုံးပြီး ဆဲလ်တစ် ချန်ပီယံလိဂ်ကထွက် (ရုပ်သံ)

စကော့တလန် ပရီးမီးယားရှစ်က ဆဲလ်တစ်အသင်းဟာ ဆွီဒင် မာလ်မိုအသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပါတယ်။ ဒုတိယအကျော့ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိ၊ ၂ ပွဲပေါင်းရလဒ် ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ပထမအကျော့မှာတော့ ဆဲလ်တစ်က ၂ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။ ဆဲလ်တစ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ၂ ဖက် ကစားသမား ၁၀ ဦးအထိ အ၀ါကတ် အပြခံခဲ့ရပါတယ်။ ပထမပိုင်း ၂၃ မိနစ်မှာ မာလ်မိုအတွက် ကစားသမား ရိုဇင်ဘတ်က အဖွင့်ဂိုးသွင်းယူခဲ့သလို ဒုတိယပိုင်း ၅၄ မိနစ်မှာ ဆဲလ်တစ်ကစားသမား ဘိုယာတာက ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ၀င်ကစားနိုင်တဲ့ မာလ်မိုအသင်းက ပေါင် သန်း ၂၀ ရရှိမှာ ဖြစ်သလို ဆဲလ်တစ်ကတော့ ပေါင် ၈ သန်းပဲ ရရှိတော့မှာ ဖြစ်ပါတယ်။
6 years Ago
Up