မာလီနိုင်ငံ

December 26, 2020

မာလီနိုင်ငံ အတိုက်အခံခေါင်းဆောင် ဆိုမာလာကီ ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်

မာလီနိုင်ငံရဲ့ ကာလရှည်အတိုက်အခံ ခေါင်းဆောင်နဲ့ သမ္မတဖြစ်လာဖွယ်ရှိသူ ဆိုမာလာကီဟာ အသက် ၇၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။ ဆိုမာလာကီဟာ အိုင်အက်စ် သောင်းကျန်းသူတွေရဲ့ ကာလရှည်ဖမ်းဆီးမှုကနေ ပြန်လွတ်လာပြီး ၂ လအကြာမှာ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။   ဆိုမာလာကီဟာ ဒီဇင်ဘာ ၂၄ ရက်ညက ပဲရစ်မြို့မှာ ကွယ်လွန်ခဲ့တယ်ဆိုတာကလွဲလို့ အသေးစိတ်တွေကို သူ့ရဲ့ပြောခွင့်ရက မပြောခဲ့ပါဘူး။ ဒါပေမဲ့ ပြင်သစ်မီဒီယာတွေကတော့ ဆိုမာလာကီဟာ ကိုဗစ်-၁၉ ရောဂါကြောင့် ကွယ်လွန်တယ်လို့ ဖော်ပြကြပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက ဆိုမာလာကီဟာ မာလီနိုင်ငံမြောက်ပိုင်း တင်မ်ဘွတ်ကူအရပ်မှာ မဲဆွယ်နေတုန်း သေနတ်သမားတွေ ပြန်ပေးဆွဲတာကို ခံခဲ့ရပါတယ်။ အောက်တိုဘာလမှာတော့ သူဟာ ပြင်သစ်အကူအညီပေးရေး ဝန်ထမ်းတစ်ဦး၊ အီတလီ ဓားစာခံ ၂ ဦးတို့နဲ့အတူ ပြန်လွတ်မြောက်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။
5 months Ago

August 19, 2020

တပ်တွင်းပုန်ကန်မှုဖြစ်ပြီးနောက် မာလီနိုင်ငံသမ္မတကေတာ ရာထူးမှနုတ်ထွက်

မာလီနိုင်ငံမှာ တပ်တွင်းပုန်ကန်တဲ့ စစ်သားတွေက သမ္မတ အီဘရာဟင်ဘူဘာကာကေတာကို  သေနတ်နဲ့ထောက်ထိန်းသိမ်းခဲ့ပြီးနောက် သြဂုတ် ၁၈ ရက်မှာ သမ္မတကေတာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ တပ်တွင်းပုန်ကန်တဲ့ တပ်ဖွဲ့တွေက ဝန်ကြီးချုပ် ဘူဘူစီ၊ တခြားထိပ်တန်းအရာရှိတွေနဲ့အတူ သမ္မတကေတာကို ထိန်းသိမ်းခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ သမ္မတကေတာက နိုင်ငံပိုင် ရုပ်သံကနေလွှင့်တဲ့ မိန့်ခွန်းတိုအတွင်း ရာထူးက နုတ်ထွက်ကြောင်း ကြေညာလိုက်တာပါ။   မိန့်ခွန်းအတွင်း သမ္မတကေတာက  “ဒီနေ့မှာ  လက်နက်ကိုင်တပ်ဖွဲ့တချို့က ကြားဝင်ပြီး ဒီအုပ်ချုပ်ရေးကို အဆုံးသတ်စေလိုရင် ကျနော့်မှာ ရွေးချယ်ခွင့်ရှိပါ့မလား” လို့ ပြောသွားပါတယ်။   မာလီနိုင်ငံရဲ့ တပ်တွင်း ပုန်ကန်မှုကို ဘယ်သူ ဦးဆောင်နေလဲ၊ သမ္မတကေတာ မရှိတဲ့နောက် ဘယ်သူအုပ်ချုပ်မလဲ ဆိုတာနဲ့ ပုန်ကန်သူတွေရဲ့ လိုလားချက်ကို သဲသဲကွဲကွဲ မသိရသေးပါဘူး။  မာလီနိုင်ငံဟာ နဂိုကတည်းက ဂျီဟတ်ဝါဒီ သောင်းကျန်းမှုနဲ့ ဆန္ဒပြပွဲတွေ အများအပြား ပေါ်ပေါက်နေတာမို့ အခုပုန်ကန်မှုက ပြဿနာအကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေတယ်လို့ ရိုက်တာက သုံးသပ်တင်ပြထားပါတယ်။
9 months Ago

မာလီနိုင်ငံတွင် တရားရေးဝန်ကြီး၏ ရုံးခန်းကို ဆန္ဒပြသူများက မီးရှို့ဖျက်ဆီး

မာလီနိုင်ငံ မြို့တော်ဘာမာကိုမှာ တရားရေးဝန်ကြီးရဲ့ ကိုယ်ပိုင်ရုံးခန်းကို ဆန္ဒပြသူတွေက သြဂုတ် ၁၈ ရက်မှာ ဖျက်ဆီးပြီး မီးတင်ရှို့ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီဆိုတဲ့ ကောလာဟလတွေ ပြန့်အပြီး ခုလို ဖြစ်ကုန်တာပါ။ တပ်တွင်း ပုန်ကန်သူတွေက သမ္မတကို ဖမ်းဆီးခဲ့ပြီးပြီဆိုတဲ့ အတည်မပြုရသေးတဲ့ ကောလာဟလတွေလည်း ပြန့်နေပြီး သမ္မတရုံးကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။ ဆန္ဒပြသူတစ်ဦးက “မြို့လယ်က လွတ်လပ်ရေးရင်ပြင်နားမှာ ရာချီတဲ့လူတွေ အောင်ပွဲခံကြပြီး သမ္မတကို ဖြုတ်ချချင်တယ်။ အရင်နေ့က ဘာမာကိုမြို့တော်အပြင်ဘက် စစ်တန်းလျားမှာ တပ်တွင်းပုန်ကန်မှု ဖြစ်ခဲ့တဲ့ စစ်သားတွေကို ထောက်ပံ့ချင်တယ်”လို့ ပြောပါတယ်။ မြို့တော်ကနေ ၉ မိုင်အကွာက ကာတီရပ်စစ်တပ် အခြေစိုက်စခန်းမှာ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ မာလီစစ်တပ် ပြောခွင့်ရက အတည်ပြုပါတယ်။ ဒါပေမဲ့ နောက်ထပ် တခြား သတင်းအချက်အလက် မရှိသေးဘူးလို့ ပြောပါတယ်။
9 months Ago
More News
Up