မာလီ

December 29, 2020

မာလီတွင် လက်လုပ်မိုင်းပေါက်ကွဲပြီး ပြင်သစ်စစ်သည် ၃ ဦး သေဆုံး

မာလီနိုင်ငံမှာ ဒီဇင်ဘာ ၂၈ ရက်က လက်လုပ်မိုင်း ပေါက်ကွဲပြီး စစ်ဆင်ရေးလုပ်နေတဲ့ ပြင်သစ် စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ပြင်သစ်သမ္မတ နန်းတော်က သတင်းထုတ်ပြန် ပါတယ်။ လက်လုပ်မိုင်းဟာ သူတို့ရဲ့ သံချပ်ကာယာဉ်အနီးပေါက်ကွဲခဲ့တယ်လို့ သမ္မတ နန်းတော်က  သတင်းထုတ်ပြန်ပါတယ်။ မာလီအိုက်အက်စ် တိုက်ခိုက်ရေးသမားတွေအပေါ်ဆင်နွှဲတဲ့  ပြင်သစ်စစ်ဆင်ရေး တစိတ်တပိုင်းအဖြစ် သူတို့ကို မာလီတောင်ပိုင်း  ဟွန်ဘိုရီအရပ်မှာ ဖြန့်ကျက်ထားတာပါ။ ၂၀၁၃ က စတင်တဲ့ ဒေသစစ်သွေးကြွ စစ်ဆင်ရေးအတွင်း သေဆုံးတဲ့ ပြင်သစ် စစ်သားအရေအတွက်ဟာ ၄၇  ယောက်ထက် မနည်း ရှိတယ်လို့လည်း ဝေါစထရိဂျာနယ်က ဖော်ပြပါတယ်။ 
5 months Ago

October 9, 2020

စစ်သွေးကြွအဖွဲ့ဖမ်းထားသည့် ဓားစာခံ ၄ ဦး ပြန်လွတ်

အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ လက်ထဲမှာ အချိန်အတော်ကြာ ဖမ်းဆီးခံရတဲ့ မာလီ နိုင်ငံရေးသမား၊ ပြင်သစ်အကူအညီပေးရေး လုပ်သားနဲ့ အီတလီနိုင်ငံသား နှစ်ယောက်တို့ဟာ အောက်တိုဘာ ၈ ရက်က ပြန်လွတ်မြောက်လာခဲ့ပါတယ်။   မာလီစစ်ဘက်လေယာဉ်နဲ့ မြို့တော်ဘမ်မာကိုကို ပြန်ရောက်လာတဲ့ သူတို့ကို  မိသားစုဝင် တွေက ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။  အဲဒီနောက် သူတို့ကို မာလီသမ္မတ အိမ်တော်ဆီခေါ်သွားခဲ့ပြီး မာလီအသွင်ကူးပြောင်းရေး အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က  သံသယဖြစ်ဖွယ် စစ်သွေးကြွအများအပြားကို မာလီ အာဏာပိုင်တွေ လွှတ်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပြီး ရက်ပိုင်းအကြာ အစ္စလာမ္မစ်တွေ ဖမ်းဆီးထားတဲ့  ဓားစာခံတွေကို ပြန်လွှတ်ပေးတော့မယ်လို့  မာလီသမ္မတက ကြေညာခဲ့ပါတယ်။  အခုပြန်လွတ်လာတဲ့ ဓားစာခံတွေဟာ နိုင်ငံရေးသမား ဆိုမာလက်က၊ အကူအညီပေးရေး ဝန်ထမ်း ဆိုဖီပတ်ထရိုနင်၊ ဖာသာ ပီလာလူဂျီ မက်ကာလီနဲ့  ကမ္ဘာလှည့်ခရီးသွားလို့ ထင်ရတဲ့ နီကိုလာ ကရာခရိုတို့ ဖြစ်ကြတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။  
7 months Ago
More News
Up