မာရက်ဇ်ကို တနှစ်တာ အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်

April 26, 2016

မာရက်ဇ်ကို တနှစ်တာ အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်

လက်ဆက်စတာစီးတီးအသင်း တောင်ပံကစားသမား မာရက်ဇ် (Mahrez) ကို တနှစ်တာအတွက် အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်လိုက်ပါတယ်။ တသင်းတည်းကစားဖော် ဗာဒီနဲ့ တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်း၊ အာဆင်နယ် အလယ်တန်းသမား အိုဇေးတို့ကိုကျော်ပြီး အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံရတာ ဖြစ်ပါတယ်။ မာရက်ဇ်ဟာ လက်ဆက်စတာစီးတီး အသင်းအတွက် အဓိက အားထားရသူ ဖြစ်ပါတယ်။ ဧပြီ ၂၄ ရက် လက်ဆက်စတာစီးတီးအသင်းက ဆွမ်ဆီးကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ အဖွင့်ဂိုးကို မာရက်ဇ်က သွင်းပေးခဲ့ပါတယ်။ လက်ဆက်စတာဟာ အခုဆိုရင် ရမှတ် ၇၆ မှတ်နဲ့ ဒုတိယနေရာက စပါးအသင်းထက် ၇ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပြီး ချန်ပီယံဖြစ်ဖို့ ပိုမို နီးစပ်လာပါတယ်။
5 years Ago
Up