မာရက်ဇ်

July 31, 2018

မန်စီးတီးကွင်းလယ်လူ မာရက်ဇ် ဒဏ်ရာမှ သက်သာ

မန်ချက်စတာစီးတီး ကွင်းလယ်ကစားသမား မာရက်ဇ်ရဲ့ ဒဏ်ရာအခြေအနေ သက်သာလာတဲ့အတွက် လာမယ့် ကွန်မြူနတီဖလား ပြိုင်ပွဲအတွက် ကြံ့ခိုင်မှု ပြည့်ဝလာပြီ ဖြစ်ပါတယ်။ ကွင်းလယ်လူ မာရက်ဇ်ဟာ နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲ ဘိုင်ယန်မြူးနစ်နဲ့ ကစားတဲ့ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာ ရခဲ့တာပါ။ မန်စီးတီးအသင်းဟာ လာမယ့် သြဂုတ် ၅ ရက်နေ့မှာ ကွန်မြူနတီဒိုင်း ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ရမှာပါ။ မန်စီးတီးရဲ့ ထုတ်ပြန်ချက်မှာတော့ ကစားသမားရဲ့ ဒဏ်ရာက ကြီးကြီးမားမား ထိခိုက်တာ မရှိဘူးလို့ ဆိုထားပါတယ်။ မန်စီးတီးဟာ ကွင်းလယ်ကစားသမား မာရက်ဇ်ကို ဒီနှစ်နွေရာသီမှာ လက်စတာကနေ ပေါင်သန်း ၆၀ ပေးပြီး ခေါ်ယူထားတာ ဖြစ်ပါတယ်။
3 years Ago

July 12, 2018

မန်စီးတီးကို ပြောင်းရွှေ့နိုင်သည့်အတွက် ကျေနပ်ဟု မာရက်ဇ် ပြော

မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့နိုင်တဲ့အတွက် အရမ်းကျေနပ်တယ်လို့ ကွင်းလယ်ကစားသမား မာရက်ဇ်က အသင်းသစ် မန်စီးတီးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မန်စီးတီးဟာ အသက် ၂၇ နှစ်အရွယ် မာရက်ဇ်ကို လက်စတာအသင်းကနေ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ပေးပြီး ခေါ်ယူထားတာပါ။ မန်စီးတီးလို အသင်းမျိုးမှာ ကစားနိုင်တယ်ဆိုတဲ့ ခြေစွမ်းမျိုးကို ပြသပြီး အသင်းကို ကူညီသွားမယ်လို့လည်း တောင်ပံကစားသမား မာရက်ဇ်က ဆိုပါတယ်။ အယ်လ်ဂျီးရီးယားလက်ရွေးစင် မာရက်ဇ်ဟာ လက်စတာအသင်းနဲ့အတူ ၂၀၁၆ မှာ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ မာရက်ဇ်ဟာ လက်စတာအတွက် ကစားပေးတဲ့ ၃၇ ပွဲမှာ ၁၇ ဂိုး သွင်းယူနိုင်တာကြောင့် ပီအက်ဖ်အေက ပေးအပ်တဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။
3 years Ago
More News
Up