မာတင်ဗစ်ဇ်ကာရာ

November 13, 2020

ပီရူးကြားဖြတ်အစိုးရ တရားမဝင်ဟု သမ္မတဟောင်း စွပ်စွဲ

ပီရူးကြားဖြတ်အစိုးရဟာ တရားမဝင်ဘူးလို့ သမ္မတဟောင်း မာတင်ဗစ်ဇ်ကာရာက နိုဝင်ဘာလ ၁၂ ရက်မှာ ပြောပါတယ်။  မာတင်ဗစ်ဇ်ကာရာ ရာထူးက ဖယ်ရှားခံရပြီး ကြားဖြတ်သမ္မတ  မန်နျူရယ်မာရင်နို အာဏာ ရယူပြီးကတည်းက ပီရူးနိုင်ငံတဝန်း ဆန္ဒပြပွဲတွေက အရှိန်မြင့်လာပါတယ်။  ကြားဖြတ်သမ္မတ မာရင်နိုက လာမယ့်ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းတွေဟာ ဆန္ဒပြ ပွဲတွေ ဖြစ်အောင် လှုံ့ဆော်နေတယ်လို့ စွပ်စွဲပြောဆိုပြီး နိုင်ငံသားတွေ တည်တည်ငြိမ်ငြိမ် ရှိကြဖို့ တိုက်တွန်း ပါတယ်။  လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေနဲ့ ပီရူးကွန်ဂရက်က ဗစ်ဇ်ကာရာကို ရာထူးက ဖယ်ရှားပြီးနောက် နိုဝင်ဘာ ၁၀ ရက်မှာ မာရင်နို သမ္မတတာဝန် စတင်ထမ်းဆောင်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အထိနာနေတဲ့ ပီရူးမှာ ဖြစ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုက ရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုနဲ့ကြုံရနိုင်တယ်လို့  ရိုက်တာက ရေးပါတယ်။ 
7 months Ago

November 10, 2020

ကွန်ဂရက်၏ ရာထူးဖယ်ရှားမည့် ဆုံးဖြတ်ချက်ကို ပီရူးသမ္မတ လက်ခံ

သူ့ကို ရာထူးက ဖယ်ရှားမယ့် ကွန်ဂရက်ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံသွားမယ်လို့ ပီရူးသမ္မတ မာတင်ဗစ်ဇ်ကာရာက နိုဝင်ဘာ ၉ ရက်မှာ ပြောပါတယ်။ လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ စစ်ဆေးရာမှာ ကွန်ဂရက်က သမ္မတ ဗစ်ဇ်ကာရာကို ရာထူးက ဖယ်ရှားဖို့ မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ဗစ်ဇ်ကာရာက ဒီနေ့ပဲ သမ္မတ အိမ်တော်က စွန့်ခွာမယ်လို့ မိန့်ခွန်းပြောပါတယ်။ သမ္မတ ဗစ်ဇ်ကာရာကို ရာထူးက ဖယ်ရှားလိုက်တာက ကမ္ဘာ့နံပါတ် ၂ ကြေးနီထုတ်လုပ်ရာ ပီရူးမှာ နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်စေပါတယ်။ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးကျဆင်းမှုကနေ ပီရူးဟာ နာလန်ထဖို့ ကြိုးပမ်းနေတာပါ။  ပီရူးသမ္မတ ဗစ်ဇ်ကာရာကို ရာထူးက ဖယ်ရှားလိုက်တာက ရွေးကောက်ပွဲမတိုင်မီ လပိုင်းအလို ပီရူးမှာ နိုင်ငံရေးတင်းမာမှုကာလကို ဖြစ်စေနိုင်တယ်လို့ ရိုက်တာက သုံးသပ်ထားပါတယ်။ 
7 months Ago
Up