မအူပင်မြို့

December 6, 2021

မအူပင်မြို့ ၌ ပစ်ခတ်မှုဖြစ်ပြီး ရဲ ၂ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေအကြား  ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ ရဲ ၂ ယောက် ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။  

မအူပင်မြို့ ဗိုလ်ချုပ်ကြေးရုပ်နားမှာရှိတဲ့ ယာဉ်ထိန်းရဲကင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်ရာကနေ နှစ်ဘက် အပြန်အလှန်ပစ်ခတ်ကြရာမှာ ကင်းပုန်းဝပ်နေတဲ့ ရဲ ၂ ယောက် ထိမှန်ပြီး ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရဲ နှစ်ယောက် ထိတယ်။ တယောက်က  ခြေထောက်ကိုထိတယ်။ အဲဒါက နယ်ထိန်း နောက်တစ်ယောက်ကတော့ ဘယ်ထိလဲ သေချာမသိရဘူး။ ပြီးတာနဲ့ လူနာတင်ယာဉ်ကို အသံရော မီးရော ပိတ်ပြီး လာတင်ခေါ်သွားတာ”လို့ မြို့ခံတဦးက ပြောပါတယ်။ 

ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း ကျည်ထိမှန်ခဲ့တဲ့ ရဲ ၂ ယောက်ဟာ မအူပင်မြို့မရဲစခန်းက အမှတ် ၇ နယ်ထိန်း ချစ်ကောင်းဆိုသူနဲ့ နောက်ရဲတပ်သားတဦးတို့ ဖြစ်ကြပါတယ်။

မအူပင်မြို့မှာ စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်နေတဲ့ နေရာကို လာပစ်တာ ပထမဆုံးဖြစ်ပြီး ပုသိမ်မြို့မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာလပိုင်းက ယာဉ်ထိန်းရဲကင်းကို ဝင်ပစ်ခတ်မှုကြောင့် ယာဉ်ထိန်း ရဲ ၂ ယောက် သေဆုံးခဲ့ပါတယ်။

2 months Ago

November 20, 2021

မအူပင် ပြန်ဆက်ဌာန သတင်းထောက်၏ အမျိုးသမီးအား စစ်ကောင်စီ ပစ်သတ်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ပြန်ဆက်ဌာနက သတင်းထောက် ဦးအောင်ခိုင်ရဲ့ ဇနီးဖြစ်သူကို နိုဝင်ဘာလ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ 

ပြန်ဆက်သတင်းထောက် ဦးအောင်ခိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ရီရီချိုကို သံဖြူဇရပ်မြို့နယ်ထဲက စစ်ဆေးရေးဂိတ်မှာ ကားတားစဉ် ရပ်တန့်မပေးတာကြောင့် စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“သူ့အမျိုးတွေဆီ သွားလည်တာ။ မွန်ပြည်နယ်ဘက် လမ်းမှာ သူတို့စီးတဲ့ကားကို တားတော့ ရပ်မပေးလို့ လှမ်းပစ်တာ ၃ ချက်ပစ်တာ သူ့ခါးကိုထိတယ်ပြောတယ်။ အဲဒီဒဏ်ရာနဲ့ အပစ်ခံရတဲ့နေရာမှာ သေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်သတ်ခံခဲ့ရတဲ့ ပြန်ဆက်သတင်းထောက်ရဲ့ ဇနီးဖြစ်သူကို မအူပင်မြို့၊ အမှတ် ၁ ရပ်ကွက်က ဝန်ထမ်းလိုင်းခန်းကို ပြန်လည်သယ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

ပြန်ဆက်သတင်းထောက်ရဲ့ ဇနီးဖြစ်သူ နာရေးကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ နေအိမ်လိုင်းခန်းကနေ မအူပင်သုသာန်ကို ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

2 months Ago
More News
Up