မဟာရက်ရှ်ထရာ

June 4, 2020

ဆိုင်ကလုန်းမုန်တိုင်းကြောင့် မဟာရက်ရှ်ထရာပြည်နယ်တွင် ၄ ဦးသေဆုံး

အိန္ဒိယနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းကို  ဇွန်လ  ၃ ရက်က ဆိုင်ကလုန်းနီဆာဂါ ဝင်ရောက်ခဲ့တာကြောင့် မဟာရက်ရှ်ထရာပြည်နယ်မှာ လူ ၄ ယောက် သေဆုံးတယ်လို့ Business Standard  သတင်းမှာ ဖော်ပြပါတယ်။  ဆိုင်ကလုန်း နီဆာဂါကြောင့် သစ်ပင်တွေအမြစ်က ကျွတ်ထွက်ခဲ့သလို ယာဉ်တွေလည်း ပျက်စီးခဲ့ပါတယ်။  လေကြောင်း  ပြောင်းလဲခဲ့ပြီးနောက် စီးပွားရေးမြို့တော် မွမ်ဘိုင်းဟာ ဆိုင်ကလုန်းဒဏ် ကနေ လွတ်မြောက်ခဲ့ပြီး မုန်တိုင်းဟာ အနောက်ဘက်ကမ်းရိုးတန်းရဲ့ တောင်ပိုင်းကို ဝင်ရောက်ခဲ့ ပါတယ်။    ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ်ခံနေရတဲ့ မွမ်ဘိုင်းဟာ မုန်တိုင်းဒဏ်ကနေ  သက်သာရာရခဲ့ပါတယ်။   မုန်တိုင်း မဝင်ရောက်မီ မဟာရှက်ရှ်ထရာ၊ ဂူဂျာရက်နဲ့ ကမ်းရိုးတန်းဒေသက လူပေါင်း  ၁ သိန်းကျော်ကို ဘေးလွတ်ရာ ကြိုတင်ပြောင်းရွှေ့ခဲ့ပါတယ်။  မုန်တိုင်းအရှိန်ကြောင့် မိုးကြီးနေချိန်မှာပဲ လာမယ့် ၆ နာရီအတွင်း လေတိုက်နှုန်းဟာ ၁ နာရီ ကီလိုမီတာ ၁၀၀ အထိ ရှိနိုင်တယ်လို့ မိုးလေဝသပညာရှင်တဦးကပြောကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ 
12 months Ago
Up