မဟာမိတ်စစ်ကြောင်း

May 28, 2021

အလံမလိပ်အသံမတိတ်တဲ့ မန္တလေးမြို့က မဟာမိတ်စစ်ကြောင်းတွေ စုပေါင်းချီတက်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှာ မေလ ၂၈ ရက် မနက်ပိုင်းက အလံမလိပ်အသံမတိတ်တဲ့ မန္တလေးမြို့ မဟာမိတ်စစ်ကြောင်းတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ချီတက်ခဲ့တဲ့အထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အပါအဝင်၊ မန္တ​လေးပညာရေး မိသားစုသပိတ်စစ်ကြောင်း၊ အောင်မြေသာစံမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ချမ်းမြသာစည်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)သပိတ်စစ်ကြောင်း၊ ဘုရားကြီးသပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်း၊ သမဝါယမကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း၊ တမ္ပဝတီလူထုသပိတ်စစ်ကြောင်း တို့ ပါဝင်ခဲ့ကြပါတယ်။

ချီတက်ရာမှာလည်း စစ်အာဏာရှင်စနစ် ဖြုတ်ချရေး၊ စစ်ကျွန်ပညာသပိတ်မှောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေး စတာတွေကို ကြွေးကြော်ချီတက်ခဲ့ပြီး အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ပါတယ်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်းမှာလည်း မေလ ၂၈ ရက်မနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ ကျောင်းသားများသမဂ္ဂ၊ အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ၊ မဟာအောင်မြေ လူထုသပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းနဲ့ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

2 months Ago

May 10, 2021

မန္တလေးအခြေစိုက်မဟာမိတ်စစ်ကြောင်းများ ချီတက်ဆန္ဒပြ

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာ  မေလ ၁၀ ရက်မနက်က  စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး မန္တလေးအခြေစိုက် မဟာမိတ်စစ်ကြောင်းတွေ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ချီတက်ရာမှာ "သွေးကြွေးအတွက်ဆွေးနွေးစရာမရှိ""လုံးဝအုပ်ချုပ်ခွင့်မရစေရ"ဆိုတဲ့ စာသားတွေနဲ့အတူ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး၊ စစ်ကျွန်ပညာရေးစနစ်တိုက်ဖျက်ရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

3 months Ago
Up