မယ်လဒုက္ခသည်စခန်း

July 10, 2017

မယ်လစခန်းမှ မြန်မာဒုက္ခသည် ၁၀၀ ကျော် ဆန္ဒအလျောက်နေရပ်ပြန်မည်

  ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ မယ်လဒုက္ခသည်စခန်းက မြန်မာဒုက္ခသည် ၁၀၈ ဦး ဆန္ဒအလျောက်  မြန်မာနိုင်ငံကို ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာရေးသား ဖော်ပြပါတယ်။ ဒုက္ခသည် မိသားစု ၂၈ စုဟာ သူတို့ရဲ့ မူလနေရပ်မြို့ကို ပြန်ချင်နေကြတယ်လို့ သာစောင်ရမ်းမြို့နယ် အကြီးအကဲက သတင်းမှာပြောပါတယ်။ နိုင်ငံခြားရေးဌာနကနဲ့ မြန်မာသံရုံးက  တာဝန်ရှိသူတွေနဲ့ ဟာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းကို လာရောက်ခဲ့ပြီး ဒုက္ခသည်တွေ တရားဝင်နေရပ်ပြန်နိုင်ဖို့ အထောက်အထား စာရွက်စာတမ်းတွေ ဆက်လုပ်လုပ်ဆောင်ဖို့ရှိနေတယ်လို့လည်းပြောပါတယ်။ ၁၉၈၄ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ မယ်လ ဒုက္ခသည် စခန်းဟာ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းတွေထဲက အကြီးဆုံးစခန်းဖြစ်ပြီး  ကရင်လူမျိုးအများစု အပါအ၀င် ဒုက္ခသည်  ၅ သောင်းလောက် နေထိုင်နေပါတယ်။ မယ်လ ဒုက္ခသည်စခန်းမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုတွေ တရှိန်ထိုးမြင့်တက်လာနေ တယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (အိုင်အိုအမ်)က မကြာသေးခင်က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မယ်လဒုက္ခသည်စခန်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသူ ၂၈ ဦးနဲ့ သေကြောင်းကြံစည်သူ ၆၆ ဦးရှိခဲ့ပြီး ဒါဟာ ကမ္ဘာမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ နှုန်းထက် ၃ ဆကျော်ရှိနေတယ်လို့ ဆိုပါတယ်။
4 years Ago

July 21, 2015

ဒုက္ခသည် ဆန်ရိက္ခာ သြဂုတ်လမှစပြီး လျော့ချမည်

ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ လာမယ့် သြဂုတ်လကစပြီး ဆန်ရိက္ခာ လျော့ချပေးဝေတော့မယ်လို့ မယ်လဒုက္ခသည်စခန်း ဥက္ကဋ္ဌ ဆရာအောနက်က ပြောပါတယ်။ ဒုက္ခသည်တွေကို စားနပ်ရိက္ခာ ထောက်ပံ့နေတဲ့ နယ်စပ်တလျှောက် ကယ်ဆယ်စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBC) ရဲ့ အလှူငွေလက်ခံရရှိမှု လျော့နည်းလို့ ရိက္ခာနှုန်းထားလျှော့ချဖို့ ဆုံးဖြတ်ရတာဖြစ်ပြီး စခန်းအားလုံး တပြေးညီ သက်ရောက်မယ်လို့ ပြောပါတယ်။ ဆရာ အောနက်က “လာမယ့်လမှာ အပြောင်းအလဲရှိမယ်။ အထူးသဖြင့် ရိက္ခာပိုင်းမှာပါ။ အလှူငွေ လျော့နည်းလာမှုအပေါ်မှာ မူတည်ပြီး ဒီလာမယ့် သြဂုတ်လမှာ အပြောင်းအလဲရှိပါမယ်။ ရိက္ခလျှော့တဲ့ ပုံစံမျိုးပါ။ ဒါပေမယ့် သူတို့ အဆင့် ၄ ဆင့် သတ်မှတ်ထားတယ်။” လို့ ပြောပါတယ်။ အဆင့် ၄ ဆင့်အနက် ပထမအဆင့်မှာ မုဆိုးမ၊ ဆင်းရဲနွမ်းပါးပြီး ၀င်ငွေမရှိသူတွေကို လူကြီးဆန် ၁၃ ကီလိုခွဲပေးပြီး ၅ နှစ်အောက်ကလေးကို ၇ ကီလို သတ်မှတ်ပါတယ်။ ဒုတိယအဆင့် ၀င်ငွေနည်းနည်းပါးပါးရှိသူ လူကြီးတဦးကို ဆန် ၁၁ ကီလိုပေးပြီး ၅ နှစ် လောက်ကလေးကိုတော့ ၆ ကီလို သတ်မှတ်ပါတယ်။ တတိယအဆင့် ပုံမှန်ဝင်ငွေရှိသူတွေကိုတော့ လူကြီး ၉ ကီလို၊ ကလေး ၅ နှစ်က ၁၇ နှစ်ကို ၁၁ ကီလိုပေးပြီး ၅ နှစ်အောက်ကိုတော့ ၆ ကီလို သတ်မှတ်ပါတယ်။ စတုတ္ထအဆင့်ကတော့ ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်ပြီး ၀င်ငွေအတိအကျရှိသူ၊ အထူးသဖြင့် ဈေးဆိုင်ရှင်တွေဆိုရင် လူကြီးတွေကို ရိက္ခာမပေးတော့ဘဲ အသက် ၅ နှစ်ကနေ ၁၇ နှစ် ရှိသူတွေကို ဆန် ၁၁ ကီလိုပေးပြီး ၅ နှစ်အောက်ကိုတော့ ၆ ကီလို သတ်မှတ်တယ်လို့ ဆိုပါတယ်။ အရင်တုန်းက သွားလာရေးခက်ခဲတဲ့ မယ်လအူး၊ မယ်ရာမိုလို စခန်းတွေမှာ ရိက္ခာပိုပေးတာ ရှိပါတယ်။ လာမယ့် သြဂုတ်လမှာတော့ အဆင့် ၄ ဆင့်အတိုင်းပဲ ပေးဆောင်ဖို့ ကရင်ဒုက္ခသည် ကော်မတီနဲ့ TBC က ဆွေးနွေးဆုံးဖြတ်ထားပြီး စခန်းတိုင်းကို လိုက်လံ အသိပေးနေတယ်လို့ ဆိုပါတယ်။ ရိက္ခာပေးဝေမှု အပြောင်းအလဲကြောင့် ဒုက္ခသည်အချို့အတွက် အခက်အခဲတွေ ရှိလာနိုင်ပေမယ့် တခြားနည်းလမ်း မရှိဘူးလို့လည်း ဆရာအောနက်က ပြောပါတယ်။ “အပြောင်းလဲကတော့ နောက်လကစပြီး နှစ်ကုန်အထိတော့ ဆက်သွားမယ်။ ဒီပေါ်မှာ လူထုတွေဘက်က အခက်အခဲတွေ၊ တင်ပြမှုတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ အခုချိန်က အပြင်သွားရလာရတာက အရင်လို မလွယ်ကူတဲ့အပေါ် အပြင်ထွက်ပြီး အလုပ်လုပ်ရတာ အဆင်ပြေမှုတွေ ရှိပါတယ်။ ဒါပေမယ့် ငွေကြေးအကူအညီ လျော့နည်းသွားတဲ့ အခက်အခဲပေါ်မှာ ကနော်တို့လည်း ဘယ်လိုမှ မတတ်နိုင်ဘူး။ တခုပဲ ကျနော်တို့ လူထုအခက်အခဲကို ဆက်လက်တင်ပြပေးနိုင်တာပဲရှိတယ်။” မြန်မာနိုင်ငံတွင်း ပြည်တွင်းစစ်ကြောင့် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ လူပေါင်း ၁ သိန်းကျော်ဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး ခိုလှုံနေကြပါတယ်။
6 years Ago
Up