မန်ယူ

February 2, 2021

လူမည်းဖြစ်ရခြင်းကို ဂုဏ်ယူကြောင်း လူမျိုးရေးခွဲခြားသူတွေကို ရက်ရှ်ဖို့ဒ် တုံ့ပြန်

အာဆင်နယ်နဲ့ပွဲအပြီးမှာ ဆိုရှယ်မီဒီယာကနေ လူမျိုးရေးခွဲခြားမှုတွေ ခံခဲ့ရကြောင်း မန်ယူ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောပါတယ်။ 

ရက်ရှ်ဖို့ဒ်အနေနဲ့ ခြေစွမ်းပြသနိုင်ခြင်း မရှိတာနဲ့ ဂိုးသွင်း ဂိုးတချို့ကို အသုံး မချ နိုင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ဆိုရှယ်မီဒီယာတွေကနေ ဝေဖန်ခဲ့ကြတာပါ။

 အဲဒီလိုဝေဖန်မှုတွေထဲမှာ လူမည်းကစားသမား တစ်ဦးဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ကို မျောက်နဲ့ နှိုင်းယှဉ်ပြီးတော့ ပရိသတ်တစ်ဦးက ဝေဖန်ခဲ့သလို တခြားပုံစံအမျိုးမျိုးနဲ့ လူမျိုးရေးခွဲခြားမှုတွေ လည်း ရှိခဲ့တာပါ။ 

ရက်ရှ်ဖို့ဒ်ကတော့  ဆိုရှယ်မီဒီယာတွေကနေ ဝေဖန်မှုတွေက အဆိုးဘက်ကို ဦးတည်စေ တယ်လို့ ပြောပါတယ်။ 

“ကျနော်က လူမည်းတစ်ယောက်ပါ။  အဲဒီလိုဖြစ်ရတာကိုလည်း နေ့တိုင်းဂုဏ်ယူစွာနဲ့ ပျော်ရွှင်နေပါတယ်။ ဘယ်သူကမှ၊ ဘယ်လို မှတ်ချက်စကားတွေကမှ ကျနော့် စိတ်ကို ကွဲပြား အောင်လုပ်လို့ မရနိုင်ပါဘူး။ ကျနော်ဆီက ဒေါသထွက်တဲ့ တုံ့ပြန်ချက်တွေ ကိုရှာဖွေနေတယ်ဆိုရင် တော့ အဲဒီလို မလုပ်ဖို့ပဲ ပြောချင်ပါတယ်” လို့ ရက်ရှ်ဖို့ဒ်က ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ 

မန်ယူနောက်ခံလူ တွန်ဇန်ဘီဟာလည်း ရှက်ဖီးနဲ့ပွဲအပြီးမှာ လူမျိုးရေးခွဲခြားမှုခံခဲ့ရပြီး ချဲလ်ဆီးက ရီဆီဂျိမ်းစ်၊ဝက်စ်ဘရွန်းက ရိုမိန်းဆော်ယာစ်တို့ဟာလည်း ဆိုရှယ်မီဒီယာတွေမှာ လူမျိုးရေးခွဲခြားမှုတွေ ခံနေရပါတယ်။

3 months Ago

January 30, 2021

ကိုဗစ်စည်းကမ်းအရ နေထိုင်နေရသူ အူဘာမီယန်း မန်ယူနှင့်ပွဲ လွဲချော်ဖွယ်ရှိ

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းဟာ သီးသန့်နေထိုင်ဖို့ ညွှန်ကြားထားတာကြောင့် မန်ယူ နဲ့ ပွဲကို လွဲချော်ဖို့ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ ဒီကနေ့ည ၁၂ နာရီမှာ မန်ယူနိုက်တက်ကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာပါ။

အသင်းခေါင်းဆောင် အူဘာမီယန်းဟာ မိခင်ဖြစ်သူ ကျန်းမားရေးမကောင်းဖြစ်တာကြောင့် အသင်းရဲ့ ပွဲစဉ် ၂ ပွဲဆက်တိုက် လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ မိခင်ဖြစ်သူရဲ့ ကျန်းမာရေး ပြန်‌ကောင်းလာခဲ့လို့ အင်္ဂလန်ကို ပြန်ရောက်လာခဲ့ပေမယ့်လည်း ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေအရ အသင်းနဲ့ ပူးပေါင်းနိုင်မှာ မဟုတ်ဘဲ သီးသန့်နေထိုင်ဖို့ ညွှန်ကြားခံထားရတယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ စစ်ဆေးခံရဖို့လည်းရှိပြီး Negative ပြမှသာ ဖေဖော်ဝါရီ ၃ ရက်မှာ ကစားမယ့် ဝုဗ်နဲ့ပွဲမှာ ပြန်လည်ပါဝင်လာမယ်လို့ သိရပါတယ်။ 

3 months Ago
More News
Up