မန်စီးတီးနည်းပြ

October 4, 2020

လိဒ်ယူနိုက်တက်နှင့်သရေပွဲ မျှတသည့်ရလဒ်ဟု မန်စီးတီးနည်းပြပြော (ရုပ်သံဟိုက်လိုက်)

လိဒ်ယူနိုက်တက်နဲ့ တစ်ဂိုးစီသရေကျခဲ့ပေမယ့် မျှတဲ့ ရလဒ်ဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာကပြောပါတယ်။  မန်စီးတီးအသင်းဟာ တန်းတက် လိဒ်ယူနိုက်တက်ကို  စတာလင်ရဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်း ၅၉ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး ရိုဒရီဂိုက ချေပဂိုးပြန်သွင်းခဲ့တာပါ။ ၂ သင်းစလုံးက တိုက်စစ်ကို ဦးစားပေးကစားခဲ့ကြလို့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး မျှတတဲ့ ရလဒ်ဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။  ပထမပိုင်း နာရီဝက်လောက်အထိ ထူးချွန်စွာ ကစားနိုင်ခဲ့ပေမယ့် ရသင့်တဲ့ ဂိုးတွေ မရခဲ့ကြောင်း၊ ကစားသမားတွေအနေနဲ့ နောက်ဆုံးအချိန်အထိ အနိုင်ရဖို့ ကြိုးပမ်းခဲ့ကြောင်းနဲ့ ရာသီကြိုကာလမှာ လူမစုံခဲ့တာကြောင့် လေ့ကျင့်ပြင်ဆင်ရမှာ အခက်အခဲရှိခဲ့ကြောင်း နည်းပြ ဂွါဒီယိုလာက ပွဲအပြီးမှာပြောပါတယ်။  လိဒ်ယူနိုက်တက်နည်းပြ ဘီယယ်ဆာကတော့ ခက်ခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး ပွဲချိန်အများစုမှာ မန်စီးတီးအသင်းက ထိန်းချုပ်ကစားခဲ့ကြောင်း၊ သရေကျခဲ့ပေမဲ့ ရှုံးနိမ့်သွားတာမျိုးဖြစ်နိုင်သလို အနိုင်ရနိုင်တဲ့ အခွင့်အရေးတွေလည်း ရခဲ့တယ်လို့ ပြောပါတယ်။ 
10 months Ago

September 28, 2020

လက်စတာနှင့်ပွဲက အမှားများ သင်ခန်းစာယူရန် မန်စီးတီးနည်းပြ တိုက်တွန်း (ရုပ်သံဟိုက်လိုက်)

လက်စတာကို ဂိုးပြတ်အရှုံးပေးခဲ့တဲ့ပွဲစဉ်လို နောက်ထပ်မဖြစ်ဖို့ သင်ခန်းစာ ရယူသွားရ မယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။  မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂ အိမ်ကွင်းမှာ လက်စတာကို ၅ ဂိုး ၂ ဂိုးနဲ့ ဂိုး ပြတ် အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။  ကစားသမားတွေအနေနဲ့ ဦးဆောင်ဂိုး ရထားပေမယ့် နောက်ထပ်ဂိုးတွေ သွင်းချင်တဲ့စိတ်က ဖိအားများစေခဲ့ပြီး ပင်နယ်တီ သုံးကြိမ်ပေးလိုက်ရကတည်းက ပြန်လည်အနိုင်ယူဖို့ မဖြစ်နိုင်တော့ ကြောင်း နည်းပြ ဂွါဒီယိုလာကပြောပါတယ်။  လက်ခံဖို့ ခက်ခဲတဲ့ပွဲစဉ်ဖြစ်ခဲ့ပေမဲ့ ပွဲစဉ် ၂ သာ ရှိသေးတာကြောင့် နောက်ထပ် ပွဲစဉ် တွေမှာ အခုလို ထပ်မဖြစ်ဖို့ ပြင်ဆင်သွားရမယ်လို့ ဆိုပါတယ်။  ပင်နယ်တီ သုံးကြိမ်ရရှိခဲ့တဲ့ လက်စတာအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် တစ်ပွဲ ထဲမှာ ပင်နယ်တီအများဆုံးရရှိခဲ့တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 
10 months Ago
More News
Up