မန်စီးတီး

January 31, 2021

မန်စီးတီးအသင်း ရှက်ဖီးလ်ကို အနိုင်ယူပြီး မှတ်တမ်းအသစ်ရေးထိုး

နှစ်သစ်ကို ၉ ပွဲဆက် အနိုင်ရလဒ်နဲ့ ဖွင့်လှစ်နိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ဘောလုံးလိဂ် သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ၂၀၂၁ ခုနှစ်အတွင်း သူတို့ရဲ့အမှားအယွင်းမရှိတဲ့ စံချိန်ကို စနေနေ့ ရှက်ဖီးလ်အသင်းနဲ့ပွဲမှာ ဆက်ထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး ဂါဘရီရယ်ဂျေဆုက သွင်းယူပေးခဲ့ပြီး ဒီရလဒ်ကြောင့် မန်စီးတီးအသင်းဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်နေပြီလည်း ဖြစ်ပါတယ်။

မန်စီးတီးဟာ ကာရာဘောင်းပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲကို တက်ရောက်နိုင်သလို ၄ နှစ် ဆက်တိုက်ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းအလိုမှာ ရှိနေပါတယ်။

ဒါ့အပြင် အသင်းဟာ အက်ဖ်အေဖလားရဲ့ ပဉ္စမအဆင့်ကိုလည်း ရောက်ရှိထားပြီ ဖြစ်ပါတယ်။ အခုနှစ် စတင်ချိန်ကတည်းက မန်စီးတီးဟာ ချဲလ်ဆီး၊ ယူနိုက်တက်၊ ဘာမင်ဂမ်၊ ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ်၊ ဗီလာ၊ ချယ်တမ်ဟန်၊ ဝက်ဘရွမ်းစ်နဲ့ ရှက်ဖီးတို့ကို အနိုင်ယူထားခဲ့တာပါ။

မန်စီးတီးမတိုင်ခင် ဘယ်အသင်းကမှ ဇန်နဝါရီလမှာ ဒီလိုရလဒ်မျိုးထွက်အောင် လုပ်မပြနိုင်သေးပါဘူး။ ဒါဟာ မန်စီးတီးအသင်းအတွက် နိုင်ပွဲစံချိန်လည်း ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းရဲ့ ၁၂ ပွဲဆက် နိုင်ပွဲစံချိန်ဟာ ဒီဇင်ဘာလ အလယ်ပိုင်းလောက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး နိုင်ပွဲနဲ့အတူ စံချန်သစ်ပါတင်ခဲ့တဲ့အတွက် မန်စီတီးနည်ပြ ဂွါဒီယိုလာက သူ့အသင်းသားတွေအတွက် ဂုဏ်ယူနေပေမယ့် အောင်မြင်မှုကြီးကြီးမားမား မရခင်အချိန်အတွင်း စိန်ခေါ်မှုများစွာ ရှိနေဆဲဆိုတာကိုလည်း သတိပြုမိကြောင်း ပြောပါတယ်။ ရှက်ဖီးလ်နဲ့ပွဲအပြီးမှာ ဂွါဒီယိုလာက “ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ လုပ်ပြနိုင်ခဲ့တာတွေက တကယ်ကို အမေးဇင်းပါပဲ။ ကျနော်တို့ အမှတ်တွေ လျော့ခဲ့ပေမယ့် ဒါဟာ ဘယ်လိုမျိုး ဖြတ်ကျော်မလဲဆိုတာကို ပြသနေပါတယ်။ ဒီလိဂ်မှာ ပွဲတိုင်းက ခက်ခဲပါတယ်။ ကျနော်တို့ မကြာခင် ရောက်လာတော့မယ့် ခက်ခဲတဲ့ အခိုက်အတန့်တွေကို အကောင်းဆုံး တုံ့ပြန်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့  ပြောပါတယ်။

3 months Ago

၁၂ ပွဲဆက် အနိုင်ရရေး စွမ်းဆောင်ခဲ့သည့် ကစားသမားများကို နည်းပြဂွါဒီယိုလာ ချီးကျူး

ပြိုင်ပွဲစုံမှာ ၁၂ ပွဲဆက်တိုက် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေကို နည်းပြ ဂွါဒီယိုလာက ချီးကျူးလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ မနေ့က ကစားသွားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ၁၂ ပွဲဆက်တိုက် နိုင်ပွဲရခဲ့တာပါ။

ပရီးမီးယားလိဂ်မှာတော့ ၈ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့တယ်။ 

ရှက်ဖီးယူနိုက်တက်အသင်းက ကစားသမားတွေအားလုံး ခံစစ်မှာ စုပြုံပိတ်ကစားတဲ့ အသင်းဖြစ်လို့ ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပြီး ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။

ကစားသမားတွေအနေနဲ့ ၁၂ ပွဲဆက်တိုက် အနိုင်ရခဲ့တာတောင် တိရစ္ဆာန်တွေလို လှုပ်ရှားရုန်းကန်ပြီး ကစားခဲ့တယ်လို့ ကစားသမားတွေကို နည်းပြ ဂွါဒီယိုလာက ချီးကျူးခဲ့ပါတယ်။ 

၂၀၁၆ ခုနှစ်မှာ မန်စီးတီးအသင်းကို နည်းပြဂွါဒီယိုလာ ရောက်ရှိလာပြီးနောက်ပိုင်း အမှတ်အများဆုံး ရယူနိုင်တဲ့အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ၄၀၁ မှတ် ရှိသွားခဲ့ပါတယ်။ မန်စီးတီး နောက်မှာ လီဗာပူးက ၃၈၄ မှတ်နဲ့ ဒုတိယလိုက်နေပါတယ်။

3 months Ago

မန်စီးတီးနှင့် အမှတ်ကွာဟချက်ကြီးမားသွားခဲ့သည့် မန်ချက်စတာယူနိုက်တက်

အာဆင်နယ်အသင်းနဲ့ အမ်းမရိတ်ကွင်းမှာ ဂိုးမရှိ သရေကျခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးယားလိဂ်နောက်ဆုံး ၄ ပွဲမှာ ၃ ကြိမ်မြောက် အမှတ်ဆုံးရှုံးခဲ့ရပြီလည်း ဖြစ်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးကာဗာနီဟာ ဒီပွဲမှာ အပိုင်အခွင့်အရေး ၂ ကြိမ် ရရှိခဲ့ပေမယ့် ဂိုးအဖြစ် အဆုံးမသတ်နိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းအတွက် နစ်နာခဲ့ရပြီး အာဆင်နယ်အသင်းကလည်း ဒီပွဲမှာ အမှတ်ရဖို့ ထိုက်တန်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ 

အာဆင်နယ်အသင်းအတွက် လာကာဇတ်ရဲ့ ဖရီးကစ်ကန်ချက် ဘားထိခဲ့သလို စမစ်ရိုးနဲ့  ပေပေတို့ရဲ့ ကန်သွင်းမှုတွေကိုလည်း ဒီဂီယာ ကာကွယ်ခဲ့ရပါတယ်။ အာဆင်နယ် ဂိုးသမား လီနိုဟာလည်း ဖရတ်ရဲ့ ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ရီးရဲလ်ကနေ အငှားနဲ့ ခေါ်ထားတဲ့ ကစားသမားသစ် အိုဒီဂတ်ကို လူစားလဲ အသုံးပြုခဲ့ပေမယ့် ပွဲအပေါ် အပြောင်းအလဲ ကြီးကြီးမားမား မဖြစ်စေခဲ့တာကြောင့် ဂိုးမရှိ သရေရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ယူနိုက်တက်အသင်းဟာ မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းထက် ၁ ပွဲ ပိုကစား  ပြီးချိန်မှာ အမှတ်ကွာဟချက် ၃ မှတ်အထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲမှာ အားထားရတဲ့ ကစားသမားတွေဖြစ်တဲ့ ဆာကာ၊ တီယာနေးတို့ကို လက်လွှတ်ခဲ့ရပြီး အသင်းခေါင်းဆောင် အူဘာမီယန်းကလည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေကြောင့် လွဲချော်ခဲ့ပါတယ်။

အဓိကကစားသမားတွေ မပါတဲ့ အာဆင်နယ်ဘက်ကို ဂိုးမသွင်းနိုင်ခဲ့တာဟာ မန်ယူနိုက်တက်အသင်းအတွက် နစ်နာမှုဖြစ်ပေမယ့် အာဆင်နယ်အသင်းကတော့ ဆောက်သမ်တန်အသင်းကို ရှုံးနိမ့်ထားမှုကနေ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အမ်းမရိတ်ပွဲအပြီးမှာ ပရီးမီးယားလိဂ် ၁၈ ပွဲဆက်တိုက် အိမ်ကွင်းအဝေးကွင်း ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ စံချိန်သစ်တစ်ခုကို ရရှိခဲ့ပါတယ်။ 

ဒါပေမဲ့ နည်းပြဆိုးလ်ရှားကတော့ စနေနေ့ ရလဒ်အပေါ် ကျေနပ်အားရမှုရှိတဲ့ပုံစံမျိုးမှာတော့ မရှိပါဘူး။ သူဟာ သီတင်းပတ်အလယ်ပိုင်းမှာ ရှက်ဖီးလ်အသင်းကို အံ့သြသင့်ဖွယ် ရှုံးနိမ့်ခဲ့မှုကနေ ရုန်းထွက်ဖို့အတွက် သေချာပြင်ဆင်လာခဲ့တာဖြစ်ပြီး ဒါကို တွမ်မီနေးဒဏ်ရာရရှိခဲ့ပြီးနောက် တိုက်စစ်မှူး မာရှယ်ကို လူစားလဲလိုက်ခြင်းမှာ အထင်းသားမြင်ရပါတယ်။

ဒါပေမဲ့ ဆိုးလ်ရှားရဲ့အသင်းဟာ ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရသလို လိုအပ်နေတဲ့ ၃ မှတ်ကို ဆုံးရှုံးခဲ့ကာ ၁ မှတ်သာ ရရှိခဲ့ပါတယ်။

3 months Ago

January 23, 2021

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်း ၁ လခန့် အနားယူရမည်ဟု နည်းပြဂွါဒီယိုလာ အတည်ပြု

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းဟာ ဒဏ်ရာကြောင့် တစ်လလောက် အနားယူရမယ်လို့ နည်းပြ ပတ်ဂွါဒီယိုလာက အတည်ပြုသွားပါတယ်။  အက်စ်တွန်ဗီလာနဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ မနက်အစောပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒီဘရိုင်းက တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ချက်ခြင်းလူစားလဲခဲ့ရတာဖြစ်ပါတယ်။  ဒဏ်ရာကို စစ်ဆေးအပြီးမှာတော့ ၄ ပတ်ကနေ ၆ပတ်အထိ အနားယူရမယ်လို့ နည်းပြ ဂွါဒီယိုလာက အတည်ပြုခဲ့ပါတယ်။ ”ကီဗင်ရဲ့ ဒဏ်ရာကို အသင်းဆရာဝန်က စကမ်ဖတ်စစ်ဆေးခဲ့ပြီး ၄ ပတ်ကနေ ၆ ပတ်အထိ အနားယူရမယ်လို့ ပြောပါတယ်။ ဒါက အသင်းအတွက်ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပေမယ့် ကျနော်တို့ရှေ့ဆက်သွားရမှာဖြစ်ပါတယ်။”  ဒီဘရိုင်းအနေနဲ့ တစ်လလောက် အနားယူရမှာဖြစ်လို့ လာမယ့်ဖေဖော်ဝါရီလ ပိုင်းမှာ ကစားရမယ့်  လီဗာပူး၊ စပါးနဲ့ အာဆင်နယ်ပွဲအထိ လွဲချော်ဖို့ ရှိပါတယ်။ ဒီဘရိုင်းဟာ ပရီးမီးယားလိဂ် ၁၇ ပွဲမှာ  ၃ ဂိုးသွင်းပြီး ၁၀ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားတာကြောင့် သူဒဏ်ရာကြောင့် အနားယူရမှာက မန်စီးတီးတိုက်စစ်ပိုင်းအတွက် အခက်တွေ့ဖို့ ရှိနေပါတယ်။ 
3 months Ago
More News
Up