မန္တလေး ကညနရုံးရှေ့

October 27, 2021

မန္တလေး ကညနရုံးရှေ့ ဗုံး ၂ လုံးပေါက်ကွဲ ၊ လူ ၁၀ ဦးထက်မနည်းဒဏ်ရာရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းပေါ်  ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန   (ကညန) ရုံးရှေ့မှာ အောက်တိုဘာ ၂၇ ရက် မနက် ၁၁ နာရီဝန်းကျင်က ဗုံး ၂  လုံး ပေါက်ကွဲပြီး လူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပထမ ဗုံးပေါက်ကွဲမှုကြောင့် ကညန  ပွဲစား ၄ ယောက်  ထိခိုက်ခဲ့ပြီး  ရပ်ထားတဲ့  ဆိုင်ကယ် ၁၃  စီးလည်း မီးလောင်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်တဲ့ ဆိုင်ကယ်တွေကို မီးသတ်က လာရောက်ငြိမ်းခဲ့ပြီး မကြာခင်မှာ နောက်ထပ် ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ကာ လူ ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

“ပထမ ဗုံးပေါက်တော့ ဆိုင်ကယ်တွေ မီးလောင်တာ။ မီးလောင်တဲ့ ဆိုင်ကယ်တွေကို မီးသတ်က လာငြှိမ်းတယ်။ မကြာဘူး နောက်တလုံးထပ်ကွဲတယ်။ တော်တော်များများ ဒဏ်ရာရတယ်။” လို့ အနီးပါတ်ဝန်းကျင်ရှိ ပြည်သူ တစ်ဦး က ပြောပါတယ်။

စက်တင်ဘာလ ၂၇  ရက် နေ့ကလည်း ကညနရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ၄  ဦး ဒဏ်ရာရရှိခဲ့တယ်။

3 months Ago
Up