မန္တလေးမြို့ AGD ဘဏ်

May 13, 2021

မန္တလေးမြို့ AGD ဘဏ်အနီး လက်လုပ်ဗုံးပေါက်ကွဲ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၃ လမ်း၊ ၃၅ လမ်းရှိ AGD ဘဏ်အနီးမှာ မေလ ၁၃ ရက် မနက် ၉ နာရီကျော်လောက်က လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာ ရတာနဲ့ ပျက်စီးဆုံးရှုံးတာမရှိဘူးလို့ သိရပါတယ်။

“ဗုံးပေါက်တဲ့နေရာနဲ့ တစ်ပြလောက်ဝေးတဲ့ အိမ်တွေတောင် တုန်သွားတယ်။ ပေါက်ကွဲသံကတော့ တော်တော်ကျယ်တယ်။” လို့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတစ်ဦး က ပြောပါတယ်။

လက်လုပ်ဗုံးနှစ်လုံးပစ်တာဖြစ်ပြီး တစ်လုံးသာ ပေါက်ကွဲတဲ့အတွက် ကျန်တစ်လုံးကို တာယာကွင်းတွေနဲ့ ကာထားတယ်လို့ သိရပါတယ်။ လက်လုပ်ဗုံးပေါက်တဲ့အနီးမှာ အမှတ် (၉) မဟာအောင်မြေမြို့မ ရဲစခန်းနဲ့ အခွန်ရုံးတို့ရှိကြပါတယ်။

3 months Ago
Up