မန္တလေးမြို့

May 5, 2021

မန္တလေးမြို့က စစ်ကျွန်ပညာရေးဆန့်ကျင်သပိတ်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က မန္တလေးပညာရေးကောလိပ်လေ့ကျင့်ရေး အလယ်တန်းကျောင်းရှေ့မှာ မေလ ၅ ရက် မနက်ပိုင်းက စစ်အာဏာရှင်လက်အောက်က ဖက်ဆစ်ပညာရေးစနစ်ကို မသင်ယူရေး စာတွေ ကပ်ပြီးလှုပ်ရှားခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ ဖက်ဆစ်ပညာရေး ယန္တရားကို အသက်သွင်းဖို့ လုပ်နေတဲ့ ဆရာ ဆရာမ တွေရဲ့ ဓာတ်ပုံတွေပါ ကပ်ထားပြီး အလိုမရှိကြောင်း ပြသခဲ့ကြပါတယ်။

8 hours Ago

မန္တလေးမြို့က မဟာမိတ်သပိတ်စစ်ကြောင်းများ ဆက်လက်ချီတက်ဆန္ဒပြ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ မေလ ၅ ရက်နေ့က မဟာမိတ်သပိတ်စစ်ကြောင်းတွေ ပူးပေါင်းကာ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနဲ့ စစ်ကျွန်ပညာရေးစနစ်တိုက်ဖျက်ရေး အတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ချီတက်ရာမှာမန္တလေးပညာရေးမိသားစုသပိတ်စစ်ကြောင်း၊ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)သပိတ်စစ်ကြောင်း၊ အ.ထ.က(၂၆) ကျောင်းသား ကျောင်းသူများ သပိတ်စစ်ကြောင်း၊ အ.ထ.က( ၇) ကျောင်းသားဟောင်းများ သပိတ်စစ်ကြောင်း၊ မန္တလာတက္ကသိုလ် ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း၊ သမဝါယမတက္ကသိုလ် ကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း၊ DTM (မန္တလေး)​ ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း၊ MIITကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း၊ တက္ကသိုလ်ဆရာဆရာမများ သပိတ်စစ်ကြောင်း၊ တမ္ပဝတီလူထုသပိတ်စစ်ကြောင်း၊ စိန်ပန်းလူထု သပိတ်စစ်ကြောင်း၊ တပ်ပေါင်းစုသပိတ်စစ်ကြောင်း၊ အဖမ်းဆီးခံပြည်သူများကိုယ်စား ပြုသပိတ်စစ်ကြောင်း၊ ဘုရားကြီးငြိမ်းချမ်းရေးသပိတ်စစ်ကြောင်းနဲ့ ဒေါင်းစစ်သည်သပိတ်စစ်ကြောင်းတို့  ပူးပေါင်းပါဝင်ကြပါတယ်။

 

11 hours Ago

April 30, 2021

More News
Up