မန္တလေးပစ်ခတ်မှု

June 22, 2021

မန္တလေးပစ်ခတ်မှုတွင် တပ်ဖွဲ့ဝင်အချို့ အပြင်းအထန်ဒဏ်ရာရဟု စစ်ကောင်စီထုတ်ပြန်

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်မှာ ဇွန်လ ၂၂ ရက် ဒီနေ့မနက်က ပစ်ခတ်မှုဖြစ်ပွားပြီး   စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့  စစ်ကောင်စီရဲ့ မီဒီယာတွေမှာ အတည်ပြု သတင်းထုတ်ပြန်ပါတယ်။ 

ဒီမနက် ၇ နာရီခွဲလောက်က ၅၄ လမ်းနဲ့ ၁၁၁ လမ်းထောင့် နေအိမ်တအိမ်မှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူ ၄ ဦးနဲ့ ဖမ်းဆီးရမိသူ ၈ ဦးကို လက်လုပ်မိုင်း၊ လက်ပစ်ဗုံးနဲ့ လက်နက်ငယ်တချို့နဲ့ သိမ်းဆည်းရမိတယ်လို့  စစ်ကောင်စီသတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ၅၆ လမ်းနဲ့ ၁၁၀ လမ်းမှာလည်း ပစ်ခတ်ထွက်ပြေးသွားတဲ့ ပါဂျဲရိုးကားတစ်စီး  ထရန်စဖော်မာကို ဝင်တိုက်ပြီး ၄ ဦး သေဆုံးနေတာတွေ့ရတယ်လို့လည်း စစ်ကောင်စီ မီဒီယာတွေက ထုတ်လွှင့်သွားပါတယ်။ 

ပစ်ခတ်မှုဖြစ်ပြီးနောက်   အခင်းဖြစ်ပွားရာ  အနီးအနားပတ်ဝန်းကျင်က တွေ့ရာကြုံရာလူတွေကို စစ်တပ်က  စစ်ဆေးဖမ်းဆီးသွားတာဖြစ်တယ်လို့  မျက်မြင်ဒေသခံတွေက ပြောပါတယ်။  

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် နေရာတော်တော်များများမှာ လက်လုပ်မိုင်းတွေ ပေါက်ကွဲနေပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ သံချပ်ကာကားတွေနဲ့ပါ လှည့်လည်နေတဲ့အတွက် လမ်းမတချို့မှာ ကားတာယာမီးရှို့တားဆီးတာတွေ လုပ်ထားကြပါတယ်။

3 months Ago

February 21, 2021

ရတနာပုံသင်္ဘောကျင်းအနီး ဆန္ဒပြသူများကို ရဲနှင့်စစ်တပ် ပစ်ခတ်ဖြိုခွင်းမှုမြင်ကွင်းများ

ဖေဖော်ဝါရီ ၂၀ ရက်နေ့ နေလယ်ပိုင်းက စတင်ကာ ရတနာပုံသင်္ဘောကျင်းအနီးမှာ မန္တလေး-ဗန်းမော်သင်္ဘောပြေးဆွဲဖို့ စေခိုင်းမှုကို CDM လုပ်နေတဲ့ ဝန်ထမ်းတွေနဲ့ ပြည်သူတွေက ကန့်ကွက်တားဆီးခဲ့ရာ ရဲနဲ့စစ်တပ်က အင်အားသုံးဖြိုခွင်းခဲ့တာကြောင့် ၂ ဦး သေဆုံးပြီး ၂၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

Photo - MPA

7 months Ago
Up