မန္တလေး

May 7, 2021

မြန်မာ့အာမခံလုပ်ငန်း မန္တလေးတိုင်းရုံး လက်လုပ်ဗုံးဖြင့် ထပ်မံပစ်ခံရ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၃ လမ်း၊ ၃၄ လမ်း နဲ့ ၃၅ ကြားရှိ မြန်မာ့အာမခံလုပ်ငန်း မန္တလေးတိုင်းရုံးကို  မေလ ၆ ရက် မနက်ပိုင်းက လက်လုပ်ဗုံးနဲ့ ပစ်ခံရပြီး လူတွေ ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်ဆီးဆုံးရှုံးတာ မရှိဘူးလို့ သိရပါတယ်။

အခုချိန်ဟာ မြန်မာ့အာမခံလုပ်ငန်းရုံးမှာ အာမခံ သက်တမ်းလာတိုးတဲ့ လူတွေအများအပြားရှိနေကြပြီး ဗုံးကွဲမှုဖြစ်ပွားခဲ့ပေမဲ့ လုပ်ငန်းမပျက် ဆက်လက်ဆောင်ရွက်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလို လက်လုပ်ဗုံးနဲ့ ပစ်ခံရတာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး မေလ ၂ ရက်နေ့ကလည်း အလားတူလက်လုပ်ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။

1 hour Ago

May 6, 2021

မန္တလေးတွင် တမ္ပဝတီအုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံး

မန္တလေးမြို့မှ မေလ ၆ ရက် မနက် ၁၁ နာရီလောက်က  တမ္ပဝတီအုပ်ချုပ်ရေးမှူး ဦးအောင်မိုး ဓားနဲ့အထိုးခံရပြီး သေဆုံးသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

“အရွယ်လူငယ်နှစ်ယောက်က ဆိုင်ကယ်ချင်းယှဉ်မောင်းပြီး  ဓားနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့တာ အုပ်ချုပ်ရေးမှူးမှာ တစ်ပြလောက်အထိ ဆိုင်ကယ်ဆက်မောင်းနိုင်ပြီးမှ ဇက်ကြိုးသေသွားတာ” လို့ ဒေသခံကပြောပါတယ်။  

လက်ရှိမှာ အခင်းဖြစ်ရာ နေရာအနီးနားက CCTV တွေကို ရဲနဲ့ စစ်သားတွေလာစစ်နေပြီလို့ သိရပါတယ်။ မန္တလေးမှာ ဒီကနေ့ နေရာအနှံ့ ဗုံးကွဲသံတွေလည်း ကြားနေရပါတယ်။

1 day Ago
More News
Up