မန်စီးတီ

August 2, 2015

မန်စီးတီး တိုက်စစ်မှူး ဂျေကို ရိုးမားကို ပြောင်းမည်

မန်ချက်စတာစီးတီးအသင်း တိုက်စစ်မှူး အီဒင် ဂျေကိုဟာ အီတလီစီးရီးအေက ရိုးမားကို ပြောင်းရွေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရသွားပြီလို့ ဗြိတိသျှ မီဒီယာ  စကိုင်းစပေါ့စ် သတင်းမှာ ရေးသားထားပါတယ်။ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီးတော့ ၂ ဖက် အသင်းကြားမှာ သဘောတူညီချက် မရရှိသေးပါဘူး။ ဘော့စနီးယား ဟာဇီဂိုးဗီးနား လက်ရွေးစင် တိုက်စစ်မှူးဟာ မန်စီးတီးအသင်းမှာ ကစားတဲ့ ၄ နှစ်တာ ကာလအတွင်း ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် ရရှိထားပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း မန်စီးတီးအတွက် ဂျေကိုဟာ ၁၁ ပွဲပဲ ကစားခွင့် ရထားပါတယ်။ မန်စီးတီးက လီဗာပူးလ် တိုက်စစ်မှူး စတာလင်ကို ခေါ်ယူထားတဲ့အတွက် အသင်းရဲ့လက်ရှိ တိုက်စစ်မှူးတွေကို ရောင်းထုတ်ဖို့ ဖြစ်လာတာလို့လည်း သတင်းမှာ ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မန်စီးတီး တိုက်စစ်မှူး ဂျိုဗက်တစ်ဟာ အီတလီကလပ် အင်တာမီလန်ကို ပြောင်းရွေ့သွားပြီ ဖြစ်ပါတယ်။
6 years Ago
Up