မင်းနေကုန်း ရဲစခန်း

June 23, 2021

ငါန်းဇွန်မြို့နယ် မင်းနေကုန်း ရဲစခန်း ပစ်ခတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းစခန်းကို မြင်းခြံ ZERO ပြောက်ကျားတပ်ဖွဲ့က ဇွန် ၂၂ ရက်က တိုက်ခိုက် ပစ်ခတ်ခဲ့တယ်လို့  ZERO ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ချည်းကပ်တိုက်ခိုက်မှုကြောင့် အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ ခန့်ကြာပြီး စစ်ကောင်စီဘက်မှ ရဲ ၂ ယောက်ထက်မနည်းကျဆုံးကာ ဒဏ်ရာရရှိတာတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

ZERO ပြောက်ကျားတပ်ဖွဲ့ဘက်ကတော့  ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ zero ပြောက်ကျား တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

4 months Ago
Up