မက်ဆီ

February 2, 2021

စပိန်သတင်းစာကို ဘာစီလိုနာ တရားစွဲ

ဘာစီလိုနာအသင်းဟာ မက်ဆီနဲ့ စာချုပ်ပါအချက်အလက်တွေကို ဖော်ပြခဲ့တဲ့ စပိန်သတင်းစာ အယ်မန်ဒိုကို တရားစွဲဆိုတော့မှာ ဖြစ်ပါတယ်။ 

မက်ဆီဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။

စာချုပ်တန်ဖိုး စုစုပေါင်းမှာ ယူရို ၅၅၅ သန်းကျော်ရှိပြီး မက်ဆီအနေနဲ့  တစ်နှစ်ကို ယူရို ၁၃၈ သန်းအထိ ရရှိနေတာဖြစ်ပါတယ်။ 

အယ်မန်ဒိုသတင်းစာဟာ မက်ဆီ ရရှိတဲ့ လုပ်ခ၊ ဆုကြေး၊ လက်မှတ်ထိုးကြေး၊ ပုံရိပ်မှုပိုင်ခွင့် အစ ရှိတဲ့ စာချုပ်ပါအချက်အလက်တွေကို အသေးစိတ် ပြန်လည်ဖော်ပြသွားခဲ့တာပါ။

ဘာစီလိုနာရဲ့ ကြွေးမြီစုစုပေါင်းက ယူရို  ၁ ဘီလီယံ ကျော်ရှိနေပြီး ကစားသမားတွေကို လုပ်ခ ပေးချေနိုင်ဖို့ အချိန်ကြန့်ကြာမှုရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒါကြောင့် အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် မက်ဆီကို သက်တမ်းတိုးဖို့ ဘဏ္ဍာရေးတောင့်တင်းမှုရှိမနေတာကြောင့် မက်ဆီကို ထွက်ခွာ ခွင့်ပေးရ ဖို့ရှိနေတယ်လို့ သိရပါတယ်။ 

ဘာစီလိုနာအသင်းဘက်ကတော့ မက်ဆီနဲ့ စာချုပ်ပါအချက်အလက်တွေက ကန့်သတ်ထား တာဖြစ်တဲ့အတွက် လူသိရှင်ကြားဖော်ပြခဲ့တဲ့ စပိန်သတင်းစာ အယ်မန်ဒိုကို တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

အလားတူ မက်ဆီကလည်း အတွင်းရေးအချက်အလက်တွေကို ဖော်ပြခဲ့တဲ့ သတင်းစာကို တရားစွဲဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

3 months Ago

January 31, 2021

မက်ဆီက အကောင်းဆုံးကစားသမားဟု ကာရေဂါ သုံးသပ်

မက်ဆီက တခြားသူတွေ မလုပ်နိုင်တာကို လုပ်ဆောင်နိုင်သူဖြစ်ပြီး ရော်နယ်ဒိုက လေးစားစရာ ကစားသမား ဖြစ်တယ်လို့ အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါက သုံးသပ်ပါတယ်။

မက်ဆီနဲ့ စီရော်နယ်ဒိုတို့ ၂ ဦးထဲမှာ ဘယ်ကစားသမားက အကောင်းဆုံးလဲဆိုတဲ့ မေးခွန်းအပေါ်မှာ လီဗာပူးဂန္ထဝင် ကာရေဂါက ပြန်လည်ဖြေကြားခဲ့တာပါ။ 

မက်ဆီက အကောင်းဆုံးကစားသမား ဖြစ်တယ်ဆိုတဲ့ ခံယူချက်ကို ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘဲ အများစုနဲ့ ထပ်တူကျကြောင်း ကာရေဂါက ပြောပါတယ်။

ဒါပေမဲ့ ရော်နယ်ဒိုကတော့ ပိုမိုလေးစားစရာ ကောင်းပြီး စိတ်ဓာတ်ပိုင်း၊ အာရုံစိုက်မှုနဲ့ အလုပ်ကြိုးစားမှုတွေမှာ ပိုကောင်းတယ်လို့ ကာရေဂါက ပြောပါတယ်။ 

ရော်နယ်ဒိုက တခြားကစားသမားတွေ လုပ်နိုင်တာကို မကြာခဏလုပ်ပြနိုင်သူဖြစ်ပြီး မက်ဆီကတော့ တခြား ကစားသမားတွေ မလုပ်နိုင်တာကို လုပ်ဆောင်နိုင်သူ ဖြစ်တယ်လို့ ကာရေဂါက သုံးသပ်ခဲ့ပါတယ်။ 

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ဘလွန်းဒီအောဆုကို မက်ဆီက ၆ ကြိမ် ရရှိထားပြီး ရော်နယ်ဒိုက ၅ ကြိမ် ရရှိထားပါတယ်။

3 months Ago
More News
Up