မက္ကဆီကိုရေတပ်

October 15, 2020

မော်တော်ဘုတ်ပေါ်မှ ပစ်ချခဲ့သည့် ကိုကင်း ၃၉ ထုတ် မက္ကဆီကိုရေတပ် သိမ်းဆည်းရရှိ

တရားမဝင် မူးယစ်ဆေးတွေ သယ်ယူပို့ဆောင်နေတယ်လို့ သံသယရှိတဲ့ မြန်နှုန်းမြင့် မော်တော်ဘုတ်တစီးနောက်ကို မက္ကဆီကို ရေတပ်က လိုက်ချိန်မှာ သမုဒ္ဒရာထဲပစ်ချထားခဲ့တဲ့ ကိုကင်းဖြစ်ပုံရတဲ့ အဖြူရောင် အမှုန့်တွေပါတဲ့ အိတ် ၃၉ ထုပ်ကို ဆယ်ယူရရှိခဲ့တယ်လို့ ရေတပ်ကို ကိုးကားပြီး အောက်တိုဘာ ၁၅ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  မက္ကဆီကိုတောင်ပိုင်း ပွာတိုချီယာပတ်စ်မြို့ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၅၀ အကွာ ပစိဖိတ်သမုဒ္ဒရာအတွင်း အောက်တိုဘာ ၁၂ ရက်က မူးယစ်တိုက်ဖျက်မှု စစ်ဆင်ရေးကို လုပ်ခဲ့တာလို့  ဆိုပါတယ်။ မက်ဆီကိုဟာ အလယ်အမေရိက စင်္ကြန်လမ်းပေါ်မှာရှိပြီး တောင်အမေရိက မူးယစ်မှောင်ခိုဂိုဏ်းတွေက အမေရိကန်ကို မူးယစ်ဆေး မှောင်ခိုကူးတဲ့ အဓိကလမ်းကြောင်း ဖြစ်ပါတယ်။ 
8 months Ago

September 3, 2020

ကိုကင်း ၃ တန်ခန့် တင်လာသော စပိတ်ဘုတ်ကို မက္ကဆီကိုရေတပ် ဖမ်းဆီး

ကာရေဘီယန်ပင်လယ်အတွင်း ကိုကင်း ၃ တန်နီးပါး သယ်ဆောင်လာတယ်ဆိုတဲ့  စပိဘုတ်တစ်စီးကို ရဟတ်ယာဉ်နဲ့ ကြားဖြတ် ဖမ်းဆီးခဲ့တယ်လို့ မက္ကဆီကိုအာဏာပိုင်တွေက စက်တင်ဘာ ၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။   ကိုကင်းသယ်ဆောင်တဲ့ စပိတ်ဘုတ်ကို ရဟတ်ယာဉ် လိုက်လံဖမ်းဆီးတဲ့ ဗွီဒီယိုကို  မက္ကဆီကို ရေတပ်က ထုတ်ပြန်ခဲ့တာပါ။   မရိန်းတပ်ဖွဲ့ဝင်တွေဟာ ရဟတ်ယာဉ်ပေါ်ကနေ  စပိဘုတ်ပေါ် ဆင်းပြီး   အလေးချိန် ၂ ဒသမ ၉ တန် ရှိတဲ့ ကိုကင်း  ၇၄ ထုပ်ကို တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။    ကွင်တာနာလူးပြည်နယ်  မန်ဟာဟူရွာ  အရှေ့ဘက်ပင်လယ်အတွင်း လိုက်လံဖမ်းဆီးမှု ပြုလုပ်ခဲ့ပြီး  လူ ၃ ယောက်ကို ထိန်းသိမ်းခဲ့တယ်လို့လည်း ရေတပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။  
10 months Ago
Up