မက္ကဆီကိုနိုင်ငံ

August 13, 2022

မက္ကဆီကိုနိုင်ငံ အကျဉ်းထောင်အတွင်း ပစ်ခတ်မှုဖြစ်ပြီး ၁၁ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံမှာ အကျဉ်းထောင်အတွင်း ပြိုင်ဘက်ဂိုဏ်း ၂ ခုရဲ့ အဓိကရုဏ်းမှာ ပစ်ခတ်မှုတွေလဲ ရှိခဲ့ပြီး လူ ၁၁ ဦး သေဆုံးခဲ့ပြီးနောက်မှာ  သြဂုတ် ၁၂ ရက်မှာ ရာနဲ့ချီတဲ့ မက္ကဆီကိုစစ်သားတွေကို နယ်စပ်မြို့ ဆီအူဒါ့ထ်-ဟွာရက်ဇ်ကို စေလွှတ်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

သြဂုတ် ၁၁ ရက် နေ့လယ်ပိုင်းမှာ အကျဉ်းထောင်ထဲမှာ အရင်က ဟွာကင်းန်-အလ်ချာပို-ဂုဇ်မန်း ဦးဆောင်ခဲ့တဲ့ လော့စ်ချားပိုစ်အဖွဲ့နဲ့ ဒေသခံအဖွဲ့  လော့စ်-မဟိကလယ်စ် ရဲ့ ဂိုဏ်းသားတွေ အချင်းချင်း ထောင်တွင်း ထိပ်တိုက်တွေ့ဆုံမှုကနေ အဓိကရုဏ်းထိ ဖြစ်သွားခဲ့ပြီး ပစ်ခတ်မှုမှာ ၂ ဦးသေဆုံးကာ ၄ ဦး ကျည်ဆန်ဒဏ်ရာတွေ ရရှိခဲ့တာပါ။ 

အဲဒီတိုက်ပွဲမှာ နောက်ထပ် ၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ တိုက်ပွဲ ဖြစ်ရခြင်းအကြောင်းကိုတော့ တာဝန်ရှိသူတွေက ပြောကြားခြင်းမရှိပါဘူး။

သြဂုတ် ၁၂ ရက်နေ့လယ်ပိုင်းမှာ တပ်ဖွဲ့ဝင် ၃၀၀ လောက် မြို့ထဲကို ရောက်ရှိခဲ့ပြီး နောက်ထပ် ၃၀၀ လောက် လိုက်ပါလာမယ်လို့ မျှော်လင့်ရပါတယ်။ 

အာဏာပိုင်တွေရဲ့အဆိုအရ ထောင်တွင်းအဓိကရုဏ်းတွေအပြီးမှာ  မဟိကလယ်စ်ဂိုဏ်းက မြို့တွင်းမှာ သောင်းကျန်းခဲ့ပြီး အရပ်သား ၉ ဦး သေဆုံးခဲ့ပါတယ်။ 

အဲဒီထဲမှာ ရေဒီယိုကြေညာသူ တယောက် အပါအဝင် ရေဒီယိုမက်ဂါဌာနမှ ဝန်ထမ်း ၄ ဦး ပါဝင်ခဲ့ပါတယ်။ 

မြို့တွင်းရှိ ကုန်စုံဆိုင်တွေကို ပစ်ခတ် မီးရှို့ခံခဲ့ရပါတယ်။ 

အော့ခ်စ်-ဆို Oxxo စတိုးဆိုင်တွေရဲ့ မိခင်ကုမ္ပဏီ FEMSA က သူတို့ရဲ့ဝန်ထမ်းတဦးနဲ့ အဲဒီမှာ အလုပ်လာ လျှောက်သူ အမျိုးသမီးတစ်ဦးတို့ အကြမ်းဖက်မှုထဲမှာ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ 

မက္ကဆီကိုအလယ်ပိုင်းမှာ မူးယစ်ဂိုဏ်းတွေနဲ့ စစ်တပ်အကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီးနောက်မှာ သြဂုတ် ၁၁ ရက်က တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး တက္ကစီတွေ၊ ဘတ်စ်ကားတွေနဲ့ Oxxo စတိုးဆိုင် ၂၀ လောက် မီးလောင်ကျွမ်းသွားပါတယ်။ 

သြဂုတ် ၁၂ ရက်မနက် ၁ နာရီလောက်မှာတော့ နယ်မြေခံရဲတပ်ဖွဲ့ဟာ မဟိကလယ်စ် ဂိုဏ်းသား သံသယရှိသူ ၆ ယောက်ကို စစ်တပ်နဲ့ အမျိုးသားအစောင့်တပ်တို့ရဲ့အကူအညီနဲ့ ဖမ်းဆီးခဲ့ပါတယ်။

8 months Ago

July 3, 2022

အီတလီနွယ်ဖွားဟိုတယ်လုပ်ငန်းရှင် မက္ကဆီကိုနိုင်ငံအတွင်း ပစ်သတ်ခံရ

အီတလီနွယ်ဖွား ဟိုတယ်လုပ်ငန်းရှင် ရာဖှယ်တူနေစီဟာ ဇူလိုင် ၁ ရက်မှာ မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်းက မူလတန်းကျောင်းတကျောင်းနားမှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။

သူ့ရဲ့ သမီးတွေကို ကျောင်းကနေ သွားကြိုချိန်မှာ တူနေစီ လိုက်ပါလာတဲ့ BMW ကားကို လက်နက်ကိုင် အများအပြားက ကြားဖြတ်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်သမားတွေကို ရှာဖို့ ဒေသဆိုင်ရာ အစိုးရရှေ့နေရုံးက စတင် စုံစမ်းစစ်ဆေးနေပါတယ်။

တူနေစီဟာ Palenque ရဲ့ ရှေးဟောင်းသုတေသန နေရာနားက ဇိမ်ခံဟိုတယ် ကင်တာ ချာနပ်ဘ်နာကို ပိုင်ပါတယ်။ 

တူနေစီဟာ ကျောက်စာပညာရှင်လည်း ဖြစ်ရုံမက ဟစ်ပန်းနစ် ခေတ်မတိုင်မီ ယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ်တယ်လို့ ဒေသခံမီဒီယာက ဖော်ပြခဲ့ပါတယ်။ 

 နိုင်ငံရဲ့ အရေးအကြီးဆုံး ရှေးဟောင်းသုတေသနနေရာတွေထဲက တခုဖြစ်တဲ့ ချီယာပတ်စ်မြို့မှာ အကြမ်းဖက်မှုတွေ အရှိန်မြင့်လာနေချိန် ဟိုတယ်လုပ်ငန်းရှင်ကို သတ်ဖြတ်မှုဟာ သတိပေးချက် လည်း ဖြစ်ပါတယ်။

ချီယာပတ်စ်ဒေသဟာ မက္ကဆီကိုနိုင်ငံရဲ့  အဆင်းရဲဆုံးနဲ့ လျစ်လျူရှုခံရဆုံးဒေသတွေထဲက တခုဖြစ်ပါတယ်။ 

9 months Ago
More News
Up