ဘွန်ဒစ်လီဂါ ဖလားရရေး မိုချန်ဂလက်ဘတ်ခ်ျနှင့်ပွဲ ဘိုင်ယန် လူစုံသုံးမည်

April 30, 2016

ဘွန်ဒစ်လီဂါ ဖလားရရေး မိုချန်ဂလက်ဘတ်ခ်ျနှင့်ပွဲ ဘိုင်ယန် လူစုံသုံးမည်

ဧပြီ ၃၀ ရက် ဂျာမနီ ဘွန်ဒစ်လီဂါ မိုချန်ကလက်ဘတ်ခ်ျနဲ့ပွဲမှာ အနိုင်ရရင် ဖလား ရရှိနိုင်တဲ့အတွက် ဘိုင်ယန်အသင်းက အဓိက ကစားသမားတွေအားလုံးကို ထုတ်သုံးမယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ မိုချန်ကလက်ဘတ်ခ်ျကို အနိုင်ရရင် ဘိုင်ယန်က ဘွန်ဒစ်လီဂါ ဖလားကို ၄ ကြိမ်မြောက် ဆက်တိုက်ရရှိမှာ ဖြစ်သလို မေ ၃ ရက်မှာတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဖြစ် စပိန် လာလီဂါက အက်သလက်တီကို မက်ဒရစ်နဲ့ ကစားရဖို့ ရှိနေပါတယ်။ ကလက်ဘတ်ခ်ျကို အရင်အနိုင်ရရှိဖို့ လိုသလို အက်သလက်တီကိုနဲ့ ပွဲစဉ်အတွက် ပြင်ဆင်ဖို့ ရက်နည်းတယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ မိုချန်ကလက်ဘတ်ခ်ျကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အတွက် အမှတ်လိုနေပါတယ်။ ဘွန်ဒစ်လီဂါပွဲ ၃ ပွဲကစားဖို့ ကျန်နေတဲ့အချိန်မှာ ဒုတိယနေရာက ဒေါ့မွန်နဲ့ ၇ မှတ် ဖြတ်ထားပြီး ဖြစ်ပါတယ်။ ဒါအပြင် မေ ၂၁ ရက် ဂျာမန် ဖလားပြိုင်ပွဲမှာ ဘိုင်ယန်က ဒေါ့မွန်နဲ့ ဗိုလ်လုပွဲကစားရမှာ ဖြစ်တဲ့အတွက် ဖလား ၃ လုံး ရမယ့် အခွင့်အရေးကို ဘိုင်ယန်က ပိုင်ဆိုင်ထားပါတယ်။
5 years Ago
Up