ဘေးဒုက္ခ

April 27, 2021

မြန်မာပြည်သူတွေ ဘေးဒုက္ခမှအမြန်ဆုံးလွတ်မြောက်ရေး ဘုရားသားတော်များ ဆုတောင်းမေတ္တာပို့

မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေနေရတဲ့ ဘေးဒုက္ခတွေကနေ ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ဧပြီလ ၂၆ ရက်နေ့ ညပိုင်းက မန္တလေးမြို့က မိုးကောင်းတိုက်က သံဃာတော်တွေဦးဆောင်ပြီး မေတ္တာပို့ဆုတောင်းတာ တွေပြုလုပ်ခဲ့ကြပါတယ်။

မြန်မာပြည်သူပြည်သားအားလုံး ကြုံတွေ့နေရတဲ့ အန္တရာယ်တွေကနေ ကင်းဝေးလွတ်မြောက်စေဖို့အတွက် ရည်ရွယ်ပြီး ရတနာသုတ်၊ မေတ္တာသုတ်၊ မောရသုတ် ပရိတ်များ၊ မေတ္တာပို့ဆုတောင်းများ ရွတ်ဖတ်ခဲ့ကြတယ်လို့ သိရပါတယ်။

Photo - CJ / MPA

2 months Ago
Up