ဘောလုံး

September 16, 2021

ဘောလုံးနှင့်အတူဆွဲပြေးပြီး နောက်ခံလူတိုင်းကို ကျော်ဖြတ်နိုင်စွမ်းရှိဟု ဂရေးလစ်ရှ်ပြော

တောင်ပံတစ်လျှောက် ဘောလုံးနဲ့အတူ ဆွဲပြေးပြီး နောက်ခံလူတိုင်းကို ကျော်ဖြတ်နိုင်စွမ်းရှိနေပြီ လို့ မန်စီးတီးကစားသမား ဂျက်ဂရေးလစ်ရှ်က ပြောပါတယ်။ 

ဂရေးလစ်ရှ်ဟာ လိုက်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးဧရိယာထဲမှာ ဘောလုံးနဲ့အတူဆွဲပြေးပြီး သေသပ်တဲ့ အနိုင်ဂိုးတစ်ဂိုးသွင်း ယူနိုင်ခဲ့တာပါ။ 

တောင်ပံတစ်လျှောက်မှာ ဘောလုံးလက်ခံရရှိမယ်ဆိုရင် ဧရိယာထဲကို ဆွဲပြေးပြီး နောက်ခံလူတိုင်းကို ကျော်ဖြတ်နိုင်ကြောင်း၊ လိုက်ဇစ်နဲ့ပွဲမှာ ကံကောင်းစွာနဲ့ ဂိုးပါသွင်းယူနိုင်ခဲ့တာဖြစ်ကြောင်း ဂရေးလစ်ရှ်က ပြောခဲ့တာပါ။ 

အဲဒီသွင်းဂိုးဟာ ဂရေးလစ်ရှ်ရဲ့ ကစားသမားဘဝ ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်မှာ ပထမဆုံးသွင်းဂိုးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက ချန်ပီယံလိဂ် ပွဲကစားဖို့အတွက် စိတ်လူပ်ရှားနေခဲ့ကြောင်း၊ ငယ်ရွယ်ပြီး ကစားအားကောင်းမွန်တဲ့ လိုက်ဇစ်လိုအသင်းကို အနိုင်ရခဲ့လို့ ကျေနပ်မိကြောင်း ဂရေးလစ်ရှ်က ပွဲအပြီး BT Sport နဲ့ အင်တာဗျူးမှာ ပြောပါတယ်။ 

မန်စီးတီးအသင်းဟာ ဂျာမန်ကလပ် လိုက်ဇစ်ကို ၆ ဂိုး ၃ ဂိုးနဲ့အနိုင်ရခဲ့ပြီး အုပ်စု ပထမနေရာမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ 

1 month Ago

August 3, 2021

တိုကျိုအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဘရာဇီးနှင့် စပိန်တို့ ဗိုလ်လုပွဲတက်

တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသားဘောလုံး ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘရာဇီးနဲ့ စပိန်အသင်းတို့ နောက်ဆုံး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။

ဩဂုတ် ၃ ရက် ဒီကနေ့ ညနေက ကန်သွားတဲ့ ဆီမီးဖိုင်နယ် ပထမပွဲစဉ်မှာ ဘရာဇီးက မက္ကစီကို အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားတာပါ။

ပုံမှန် ပွဲချိန် မိနစ် ၉၀ မှာရော အချိန်ပို နာရီဝက်မှာပါ   နှစ်သင်းစလုံး တဘက်နဲ့ တဘက် ဂိုးမသွင်းဘဲ ဂိုးမရှိသရေကျနေလို့  ပင်နယ်တီ အဆုံးဖြတ်ကန်ရာမှာ ဘရာဇီးက ၄ ဂိုး  ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားတာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် ဒီကနေ့ည အိမ်ရှင် ဂျပန်အသင်းနဲ့ စပိန်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာမှတော့ ာ စပိန်က ဂျပန်ကို ၁ ဂိုး ဂိုးမရှိနဲ့  အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။

ပုံမှန်ပွဲချိန် မိနစ် ၉၀ မှာ နှစ်သင်းစလုံး တဘက်နဲ့ တဘက် ဂိုးမသွင်းဘဲ ဂိုးမရှိသရေကျနေလို့    အချိန်ပို နာရီဝက်ဆက်ကန်ရာမှာ  အချိန်ပို ဒုတိယပိုင်း ပွဲချိန် ၁၁၅ မိနစ်မှာ စပိန်တောင်ပံကစားသမား မာကိုအစန်ဆီရိုက တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူပြီး ဗိုလ်လုပွဲ တက်ရောက်သွားတာဖြစ်ပါတယ်။

အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲနောက်ဆုံး ရွှေတံဆိပ်လုပွဲအဖြစ် ဩဂုတ်လ ၇ ရက်နေ့မှာ ဘရာဇီးနဲ့ စပိန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာမှာဖြစ်ပြီး အိမ်ရှင်ဂျပန်အသင်းကတော့ ဩဂုတ်လ ၆ ရက်မှာ မက္ကစီကိုအသင်းနဲ့ တတိယ ကြေးတံဆိပ် လုပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

3 months Ago
More News
Up