ဘီးလင်း

April 23, 2021

ဘီးလင်းတွင် အကြမ်းဖက် စစ်တပ်နှင့် KNU တို့ တိုက်ပွဲ ပြင်းထန်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စုမှာ အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက် စစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ ဧပြီ ၂၃ ရက်နေ့ မနက် ၁၀ နာရီလောက်ကစပြီး တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

အခုအခါ ရွှေရောင်ပြ ကျေးရွာအုပ်စုထဲကို ခြေမြန်တပ်ရင်း ၉ နဲ့ အမြှောက်တပ်တို့က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတဲ့အတွက်ကြောင့် မရမ်းကုန်းလေးကျေးရွာသား ၁ ဦး ဒဏ်ရာရရှိထားပါတယ်။

ဒီနေ့ မွန်းတည့် ၁၂ နာရီခွဲလောက်မှာတော့ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စုနဲ့ ဖာသိမ်ကျေးရွာတွေမှာ နှစ်ဖက်တပ်တွေ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲဟာ ဧပြီ ၂၃ ရက်နေ့က မနက် ၈ နာရီလောက်က သထုံမြို့နယ် ပဒိန်ရိုးကျေးရွာအုပ်စု ပြည်သူတွေက အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ရာမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီထောက်ခံပွဲကို KNU က လုံခြုံရေးယူပေးခဲ့ရာ အကြမ်းဖက်စစ်တပ်က ဖြိုခွင်းဖို့ လာရောက်စဉ် သထုံမြို့နယ် ကျိုက္ကော်ကျေးရွာမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက် စစ်တပ်ဘက်က ၃ ယောက် ကျပြီး ၁ ဦး ဒဏ်ရာရှိခဲ့တာပါ။

လက်ရှိမှာတော့ ဘီးလင်းတိုက်ပွဲကို အကြမ်းဖက်စစ်တပ်က စစ်ဆင်ရေး ကွပ်ကဲမှုဌာနမှူး ကိုယ်တိုင် တိုက်ရိုက် ကွပ်ကွဲနေတယ်လို့ ဆိုပါတယ်။

3 weeks Ago

April 22, 2021

ဘီးလင်းတွင် ယာဉ်မောင်း တစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ  ဧပြီ ၂၁ ရက်နေ့ ည ၇ နာရီခွဲ အချိန်လောက်က ဆီ​ဘောက်ဆာ ယာဥ်​မောင်းတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

ဆီဘောက်ဆာတင် ၁၀ ဘီးကားယာဉ် ၃ စီးဟာ ဘီးလင်းရွှေတူးဖော်ရေးလုပ်ငန်းကို ဆီ သွားပို့ပြီး အပြန် ‌ခြေမြန်တပ်ရင်း ၃ အရောက်မှာ ပစ်ခတ်ခံခဲ့တာလို့ ဆိုပါတယ်။

အဲဒီ ပစ်ခတ်မှုကြောင့် ဆီဘောက်ဆာယာဉ်မောင်း ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး အဖမ်းခံလိုက်ရပါတယ်။

ဘီးလင်းမြို့နယ်မှာ‌ေတာ့ ည ၇ နာရီနောက်ပိုင်း စစ်တပ်နဲ့ ရဲစခန်းအရှေ့က ဖြတ်သန်းသွားလာသူတွေကို မကြာခဏ ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

3 weeks Ago
More News
Up