ဘီလာရုစ်

November 20, 2021

အရှေ့အလယ်ပိုင်းမှ ရွှေ့ပြောင်းနေထိုင်သူများကို ဘီလာရုစ်က တရားမဝင်ပို့နေဟု ပိုလန်စွပ်စွဲ

ဘီလာရုစ်ဟာ နယ်စပ်စခန်းတွေကို ရှင်းလင်းပြီး နာရီပိုင်းအကြာမှာပဲ ရာနဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ကုန်တင်ကားတွေပေါ်တင်ကာ နယ်စပ်ကိုပြန်ပို့ပြီး တရားမဝင် ဖြတ်ကျော်စေဖို့ လုပ်ဆောင်နေတယ်လို့ ပိုလန်နိုင်ငံက နိုဝင်ဘာ ၁၉ ရက်မှာ စွပ်စွဲပြောကြားခဲ့ပါတယ်။ 

ဘီလာရုစ်အာဏာပိုင်တွေဟာ ပိုလန်နိုင်ငံ ဒူဘိချက်ဆရ်ကီယနာရွာအနီးကို ဘတ်စ်ကားနဲ့ ရာနဲ့ချီတဲ့လူအုပ်စုကို ခေါ်ဆောင်လာပြီးတော့ ပိုလန်အရာရှိတွေကို ခေတ္တခဏ လေဆာနဲ့ မျက်စေ့ကွယ်သွားအောင်လုပ်ပြီး အဲ့ဒီလူတွေဘက်ကို ကူညီဆောင်ရွက်ပေးခဲ့တာလို့ ပိုလန်နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ အန်နာမီဟာစကာက ပြောပါတယ်။

နယ်ခြားစောင့်တပ်က ဖြတ်ကူးလာသူတွေကို တားမြစ်တဲ့အခါ ရွှေ့ပြောင်းနေထိုင်သူတချို့ကို ထရပ်ကားနဲ့ ခေါ်ဆောင်သွားချိန်မှာ တခြားသူတွေက ဘီလာရုစ်ထဲကို နောက်ထပ် လမ်းလျှောက်ဝင်လာနေတာလို့လည်း ဆိုပါတယ်။ 

ပိုလန်နယ်စပ်မှာ ထောင်နဲ့ချီတဲ့လူတွေ စုပြုံနေထိုင်နေတဲ့ ပင်မစခန်းတွေကို ဘီလာရုစ် အာဏာပိုင်တွေက နိုဝင်ဘာ ၁၈ ရက်မှာ ရှင်းလင်းခဲ့ပါတယ်။

ရာနဲ့ချီတဲ့ အီရတ်နိုင်ငံသားတွေကို ဘီလာရုစ်မြို့တော် မင့်စ်ခ်ကနေ  ပထမဆုံး ပြန်လည်ပို့ဆောင်ရေးလေယာဉ်နဲ့ နိုင်ငံပြန်ပို့ပေးခဲ့ပါတယ်။ 

အရှေ့အလယ်ပိုင်းမှ လူထောင်ပေါင်းများစွာဟာ လေကြောင်းခရီးနဲ့ ဘီလာရုစ်ကို လာနေပြီးတော့ သူတို့တွေကို နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဖို့ တွန်းအားပေးနေတယ်လို့ ဥရောပအစိုးရတွေက စွပ်စွဲထားပါတယ်။ 

အေးခဲနေတဲ့ တောအုပ်ထဲမှာ ရွှေ့ပြောင်းနေထိုင်သူ ၁၀ ဦးလောက် သေဆုံးခဲ့တယ်လို့ ယူဆရပါတယ်။  ဘီလာရုစ်ကတော့ တမင်တကာ အကျပ်အတည်းဖြစ်အောင် လုပ်နေတယ်ဆိုတာကို ငြင်းဆိုခဲ့ပါတယ်။  

3 weeks Ago

November 16, 2021

ဘီလာရုစ်ကို စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ရန် အီးယူ သဘောတူ

ဘီလာရုစ် ရွှေ့ပြောင်းနေထိုင်မှု အကျပ်အတည်းအတွက် ငါးကြိမ်မြောက် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ဖို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေ နိုဝင်ဘာ ၁၅ ရက်က သဘောတူလိုက်ကြတယ်လို့ အီးယူရဲ့ ထိပ်တန်းသံတမန် ဂျိုးဇက်ဘော်ရယ်က ပြောပါတယ်။

ဒီလုပ်ရပ်ဟာ လူတယောက်ချင်းနဲ့ ကုမ္ပဏီတွေအပေါ် သက်ရောက်မှာ ဖြစ်ပြီး လာမယ့်ရက်ပိုင်း အတွင်း အပြီးသတ်လိမ့်မယ်လို့လည်း ဘရပ်ဆဲလ်မြို့က အစည်းအဝေးအပြီးမှာ ဘော်ရယ်က သတင်းထောက်တွေကို ပြောပါတယ်။ အီးယူဆီ လာတဲ့လမ်းက ဘီလာရုစ်ကနေ ဦးတည်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

3 weeks Ago
More News
Up