ဘိုးအင်း - ၇၃၇ ပေါ်တွင် ဖွင့်သည့် စားသောက်ဆိုင်

March 3, 2016

ဘိုးအင်း - ၇၃၇ ပေါ်တွင် ဖွင့်သည့် စားသောက်ဆိုင် (ဓာတ်ပုံ)

သင့်အနေနဲ့ ဘိုးအင်း - ၇၃၇ လေယာဉ်ပေါ်မှာ အစားအစာတွေကို သွားရောက် စားသောက်လိုပါသလား။ တရုတ်နိုင်ငံ၊ ဟဘေးခရိုင်၊ ၀ူဟန်မြို့က ဈေးဝယ်လမ်းတခုမှာ ဘိုးအင်း - ၇၃၇ ပုံစံတူ အစိတ်အပိုင်းတွေနဲ့ စားသောက်ဆိုင်တခုကို ဖွင့်လှစ်တော့မှာပါ။ ဒီလေယာဉ်ဟာ မပျံသန်းနိုင်ဘဲ စားသောက်ဆိုင်တခုလို ၀န်ဆောင်မှုပေးရုံပဲ ဖြစ်ပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တဦးဟာ အင်ဒိုနီးရှားနိုင်ငံက မသုံးတော့တဲ့ လေယာဉ်တစီးကို ယွမ်ငွေ ၃၅ သန်း (အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ သန်း) အကုန်အကျခံ ၀ယ်ယူခဲ့ပြီး စားသောက်ဆိုင်ဖွင့်လှစ်မယ့် လုပ်ငန်းကို အကောင်အထည် ဖော်ခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ဒီစားသောက်ဆိုင်ကို လာမယ့် ဇွန်လလောက်မှာ ဖွင့်လှစ်ဖွယ်ရှိပြီး အတွင်းပိုင်း ပြင်ဆင်မှုတွေမှာ လေယာဉ်မောင်းသူအခန်းကို တကယ့်လေယာဉ် အပြင်အဆင်အတိုင်း စီမံထားပြီး လေယာဉ်ပေါ် စားသောက်နေတယ်လို့ ခံစားရစေအောင် ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - စီစီတီဗွီ  
5 years Ago
Up