ဘိုလော့ဂ်နာကို နာပိုလီ ဂိုးပြတ်နိုင်

April 20, 2016

ဘိုလော့ဂ်နာကို နာပိုလီ ဂိုးပြတ်နိုင် (ရုပ်သံ)

အီတလီစီးရီးအေက နာပိုလီအသင်းဟာ ဘိုလောဂ်နာအသင်းကို ၆ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိ သွားပါတယ်။ နာပိုလီအသင်းက ရှေ့တန်းဂိုးသွင်းရှင် ဟီဂှုအင် မပါပေမယ့်လည်း မာတန်က ဟက်ထရစ် ရယူပေးခဲ့ပါတယ်။ ဒီနောက် ဂါဘိုင်ဒီနီက ၂ ဂိုး ဒေးဗစ်လိုပက်ဇ်က တဂိုးသွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ နာပိုလီအသင်းက ဘောလုံးပိုင်ဆိုင်မှု ဂိုးကန်သွင်းခွင့်အားလုံး အသာစီးရယူ ကစားသွားပါတယ်။ တပွဲလျော့ ၃၃ ပွဲကစားထားတဲ့ ဂျူဗင်နဲ့ ၆ မှတ်အကွာ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒီပွဲအနိုင်ကြောင့် တတိယနေရာက တပွဲ့လျော့ကစားထားတဲ့ ရိုးမားနဲ့ ၈ မှတ်ကွာသွားပြီ ဖြစ်ပါတယ်။ တကယ်လို့ ဒီပွဲမှာ နာပိုလီအသင်းက ရှုံးသွားမယ်ဆိုပါက ဧပြီ ၂၀ ရက် ဂျူဗင်တပ်စ်က လာဇီယိုကို အနိုင်ကစားနိုင်ခဲ့ရင် ၅ နှစ်ဆက် ချန်ပီယံ ဖြစ်မှာ ဖြစ်ပါတယ်။
5 years Ago
Up