ဘိုင်ယန်မြူးနစ်

July 18, 2019

နိုင်ငံတကာချန်ပီယံများ ဖလားပြိုင်ပွဲ အာဆင်နယ် ၂ - ၁ ဘိုင်ယန်မြူးနစ် (ရုပ်သံ)

နိုင်ငံတကာချန်ပီယံများ ဖလားပြိုင်ပွဲအဖြစ် အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့ ဒီနေ့မနက်ပိုင်းက အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်ရာ အာဆင်နယ်က နှစ်ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်အသင်းအတွက်တော့ ရာသီကြို ပြင်ဆင်မှုအဖြစ် ဝင်ပြိုင်တဲ့ ဒီပွဲမှာ ဂျာမန်ထိပ်သီးအသင်းကို အနိုင်ရလိုက်တဲ့အတွက် အားတက်စရာ ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အိုဇေးလ်၊ အူဘာမီယန်း၊ လာကာဇက်တီ၊ မစ်ခီတာယန်း၊ ဆာခါ၊ မူစတာဖီ၊ မွန်ရီယယ်၊ ဆိုခရာတစ်တို့ကို လူငယ်ကစားသမားတွေနဲ့တွဲပြီး ပွဲထုတ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကလည်း အဓိက ကစားသမားတွေဖြစ်တဲ့ နူအာ၊ မူလာ၊ အယ်လ်ကန်တာရာ၊ မာတီနက်ဇ်၊ ဘိုတန်၊ တိုလစ်ဆို၊ အလာဘာတို့ကို အသုံးပြုသွားပါတယ်။ ပွဲချိန်ပထမပိုင်းမှာ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့ပြီး ပွဲချိန် ၄၉ မိနစ်မှာ ဘိုင်ယန်ကစားသမားတဦး ကိုယ့်ဂိုးကိုယ်သွင်းမိရာက အာဆင်နယ် အဖွင့်ဂိုး ရသွားပါတယ်။ အာဆင်နယ်ဟာ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းကို ကစားကွက်အသာစီးယူ ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၁ မိနစ်မှာတော့ ဘိုင်ယန်မြူးနစ် ချေပဂိုးရခဲ့ပြီး တိုက်စစ်မှူး လီဝန်ဒေါစကီးက ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့တာပါ။ တဂိုးစီသရေနဲ့ ပွဲပြီးမလိုဖြစ်နေရာက ပွဲချိန် ၈၈ မိနစ်မှာ အာဆင်နယ်အတွက် လူစားဝင် တိုက်စစ်မှူး အန်ကက်တီးယားက အနိုင်ဂိုးသွင်းပြီး အာဆင်နယ်က နှစ်ဂိုး တဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။
2 years Ago

June 20, 2019

ဘိုင်ယန်နောက်ခံလူ ဟမ်းမဲလ် အသင်းဟောင်း ဒေါ့မွန်သို့ ပြောင်းရွှေ့

ဂျာမန်နောက်တန်းကစားသမား ဟမ်းမဲလ်ဟာ ဘိုင်ယန်မြူးနစ်ကနေ အသင်းဟောင်း ဒေါ့မွန်ကို ပြောင်းရွှေ့သွားပါတယ်။ ဗဟိုနောက်ခံလူ ဟမ်းမဲလ်အတွက် အပြောင်းအရွှေ့ကို နှစ်ဖက် သဘောတူညီချက် ရခဲ့ပြီလို့ ဘိုင်ယန်မြူးနစ်အသင်းက ထုတ်ပြန်ပါတယ်။ ဂျာမန်မီဒီယာတွေကတော့ အသက် ၃၀ အရွယ် ဟမ်းမဲလ်အတွက် ပြောင်းရွှေ့ကြေး ဒေါ်လာ ၄၃ သန်းနီးပါးလောက် ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဟမ်းမဲလ်ဟာ ဘိုင်ယန်မှာ ပုံမှန် ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတဲ့အတွက် အသင်းပြောင်းရွှေ့ခဲ့တာပါ။ သူဟာ ဂျာမနီအသင်း ၂၀၁၄ မှာ ကမ္ဘာ့ချန်ပီယံဖြစ်တုန်းက အဓိက ကစားသမားအနေနဲ့ ပါဝင်ခဲ့ပါတယ်။
2 years Ago
More News
Up