ဘားအံ

June 11, 2021

ဘားအံမြို့ ၃ နေရာတွင် ဗုံးပေါက်ကွဲ

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စာသင်ကျောင်း၊ ဇွဲကပင်ကုန်းနဲ့ ကုန်းလမ်းပို့ဆောင်ရေးရုံးတွေမှာ ဇွန် ၁၁ ရက်မနက်  ၇ နာရီလောက်က  ဗုံးတစ်လုံးစီပေါက်ကွဲခဲ့တယ်လို့  မြို့ခံ ပြည်သူတွေက  ပြောပါတယ်။

အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်း၊  ပြည်နယ်ကုန်လမ်းပို့ဆောင်ရေးရုံးနဲ့ အမှတ် ၉ ရပ်ကွက်ဇွဲကပင်ကုန်းတွေမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိမရှိကိုတော့ မသိရသေးပါဘူး။

ဗုံးပေါက်ကွဲတဲ့နေရာအနီးဝန်းကျင်မှာနေထိုင်သူတစ်ဦးက  "ဗုံးက ၃ နေရာကွဲတယ်။ ထိခိုက်ဒဏ်ရာ အခြေအနေကတော့ သေချာမသိရဘူး။ လုံခြုံရေးတင်းကျပ်ထားတော့ ဘယ်သူမှမသွားရဲဘူး " လို့ ပြောပါတယ်။

အဆိုပါဗုံးပေါက်ကွဲခဲ့တဲ့ ၃ နေရာစလုံးဟာ အမှတ် ၉ ရပ်ကွက်အတွင်းမှာ ရှိတာပါ။ စာသင်ကျောင်းမှာ ကျောင်းသားကျောင်းသူ အနည်းငယ်ကျောင်းတက်ရောက်နေပြီး  ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးရုံးမှာတော့ မှတ်ပုံတင်မထားတဲ့မော်တော်ယာဉ်တွေကို လိုင်စင်ပြုလုပ်ပေးနေတာ ရှိပါတယ်။

လက်ရှိ ဗုံးပေါက်ကွဲတဲ့နေရာတွေကို စစ်တပ်နဲ့ ရဲတွေရောက်ရှိလာပြီး စုံစမ်းစစ်ဆေးနေသလို ဗုံးပေါက်ကွဲတဲ့အနီးပတ်ဝန်းကျင်ကို လုံခြုံရေးတင်းကျပ်ထားတဲ့အပြင်  မြို့ဝင်မြို့ထွက် စစ်ဆေးနေ ပါတယ်။

1 week Ago

April 22, 2021

ဘားအံမြို့တွင် CDM ကျောင်းဆရာမ ၁ ဦး ဖမ်းဆီးခံရ

 ငြိမ်းချမ်းစွာ အာဏာဖီဆန်တဲ့ (CDM) လှုပ်ရှားမှာပါဝင်တဲ့  ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းက  ဆရာမ ဒေါ်နန်းရင်ရင်အေးကို စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးသွားပါတယ်။

ဧပြီ ၂၀ ရက် ည ၁၀ နာရီလောက်က  အမှတ် (၉) ရပ်ကွက်နေအိမ်မှာ ဆရာမ ဒေါ်နန်းရင်ရင်အေးကို တပ်ထောက်ခံတဲ့ အမျိုးသမီး ဒလန်တစ်ယောက်ရဲ့  သတင်းပေးမှုကြောင့် စစ်တပ်နဲ့ရဲက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

ဒလန်အမျိုးသမီးဟာ ဆရာမရဲ့ နေအိမ်အခြေအနေကို လာရောက်ကြည့်ရှုပြီးနောက် ရဲကိုသတင်းပေးခဲ့အတွက်  ညပိုင်းမှ ဧည့်စာရင်းစစ်ဆေးဖို့ အကြောင်းပြချက်နဲ့  လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေါ်နန်းရင်ရင်အေးရဲ့မိတ်ဆွေတစ်ဦးက ပြောပါတယ်။

2 months Ago
More News
Up