ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလှုပ်ရှားသူ ကိုသက်ဆွေဝင်း လောကသာရဆု​​ရရှိ

January 1, 2019

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလှုပ်ရှားသူ ကိုသက်ဆွေဝင်း လောကသာရဆု​​ရရှိ

လောကအကျိုးသယ်ပိုးဆောင်ရွက် ငြိမ်းချမ်းရေးကြိုးပမ်းသူတွေကို ရွေးချယ်ပေးအပ်တဲ့ လောကသာရဆုကို ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံငြိမ်းချမ်းရေးအတွက်လှုပ်ရှား ဆောင်ရွက်ခဲ့တဲ့ ကိုသက်ဆွေဝင်းက ​ ၂၀၁၈ခုနှစ်အတွက် ရရှိပါတယ်​။ လောကသာရဆုကို လောကသာရဖောင်ဒေးရှင်းက​နေ ပေးအပ်တာဖြစ်​ပြီး အခုလို ဆုပေးအပ်တဲ့ (၄) ကြိမ်မြောက်အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက ပြင်ဦးလွင်မြို့နယ်​ အာရှအလင်းရောင်ကျောင်းတိုက်မှာ ပြုလုပ်​ခဲ့ပါတယ်​။ လောကသာရဖောင်ဒရေးရှင်ရဲ့ ဆုပေးပွဲဖြစ် မြောက်ရေးတာဝန်ခံ ဦး​ဇော်​သန်းက​ “ကိုသက်ဆွေဝင်းက  ကျွန်ုပ်တို့ကြောင့် ဘာသာရေးလူမျိုးရေး ပဋိပက္ခများမဖြစ်စေရ ဆိုတဲ့ ကမ်ပိန်းတွေ၊ ပန်းစကားဆိုတဲ့ ကမ်ပိန်းတွေကို ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။ နောက်ပြီး အစဉ်တစိုက်လည်း ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ငြိမ်းချမ်းရေးကို ခုချိန်ထိ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်တယ်”လို့​ ပြော​ပါတယ်​။ လောကသာရဆုကို ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေ ခဲ့ကြတဲ့ ဆရာတော် ဦးဝိသုတ္တက ပထမဆုံးအကြိမ်​ရရှိကာ အဆိုတော် စောဖိုးခွားက ဒုတိယ အကြိမ်​ရရှိပြီး ပန်းရဲ့လမ်းအဖွဲ့ ဦးဆောင်သူ ဦးရဲလွင်က တတိယရရှိကာ စတုတ္ထမြောက် ​အ​နေနဲ့ ၂၀၁၈ ခုနှစ်​မှာ ကိုသက်​​ဆွေဝင်းက ရရှိခဲ့ပါတယ်​။ အခမ်းအနားကို အာရှအလင်း​ရောင်​ဆရာ​တော်ကဦး​ဆောင်​ပြီး နာယက ဆရာ​တော်​ဖြစ်​တဲ့ မြဝတီဆရာ​တော်​၊ မန္တ​လေးတိုင်း အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်​တွေ မြန်​မာပြည်​အနှံ့က ဘာသာ​ပေါင်းစုံ လူမျိုး​ပေါင်းစုံတို့ တက်​​ရောက်​ခဲ့ကြပါတယ်​။ လောကပါလ​ဖောင်​ဒ​ရေးရှင်းကို ၂၀၁၃ ခုနှစ်​က အဖွဲ့ဝင်အင်အား ၃၀​ ကျော်​နဲ့​​ စတင်​ဖွဲ့စည်း ခဲ့ပါတယ်​။
2 years Ago
Up