ဘာမင်ဂမ်ပရိသတ်

March 11, 2019

ဗီလာအသင်းခေါင်းဆောင်အား လက်သီးဖြင့်ထိုးသည့် ဘာမင်ဂမ်ပရိသတ် (ရုပ်သံ)

ဘာမင်ဂမ်နဲ့ အက်စ်တွန်ဗီလာအသင်းတို့ရဲ့ ပွဲစဉ် ပွဲချိန် ၉ မိနစ်မှာ ဘာမင်ဂမ် ပရိသတ်တဦး ကွင်းထဲဝင်လာပြီး ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ရှ်ကို လက်သီးနဲ့ ထိုးသွားခဲ့ပါတယ်။ အဲဒီပရိသတ်ကို လုံခြံရေးရဲတပ်ဖွဲ့တွေက ဖမ်းဆီးပြီး အသင်းဘက်က ရာသက်ပန် ပွဲပယ်ပြစ်ဒဏ် ချမှတ်ဖို့ရှိသလို ရဲတပ်ဖွဲ့ကလည်း ရာဇဝတ်မှုနဲ့ ထောင်ချသွားဖို့ ရှိနေပါတယ်။ အဲဒီပွဲစဉ် ပွဲချိန် ၆၇ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂရီးလစ်ရှ်ရဲ့ဂိုးနဲ့ ဗီလာအသင်းက  ဘာမင်ဂမ်အသင်းကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဗီလာအသင်းဟာ အခုနိုင်ပွဲကြောင့် အဆင့် ၉ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ဘာမင်ဂမ်ကတော့ အဆင့် ၁၁ အထိ ကျဆင်းသွားပါတယ်။
2 years Ago
Up