ဘာစီလိုနာအသင်း

February 20, 2020

ဘာစီလိုနာအသင်းပုံရိပ်ကာကွယ်ရန် ကုမ္ပဏီငှားရမ်းသည့်အပေါ် မက်ဆီ စိတ်ပျက်နေ

ဘာစီလိုနာအသင်းဟာ အသင်းဥက္ကဋ္ဌ အပါအဝင် အသင်းအတွက် ဂုဏ်သိက္ခာထိခိုက်စေမယ့် အရေးကိုကာကွယ်ဖို့  ကုမ္ပဏီငှားရမ်းပြီး လုပ်ဆောင်ခဲ့တာနဲ့ပတ်သက်လို့ မက်ဆီက စိတ်ပျက်နေ ပါတယ်။  သူ့အနေနဲ့ ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမျူ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အဲ့ဒီကိစ္စ တခုလုံးကို သေသေချာချာ မသိပေမဲ့ ခရီးက ပြန်လာတဲ့အချိန်မှာတော့ စိတ်ပျက်စရာကိစ္စ တော်တာ်များများဖြစ်နေတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ အိုင်သရီးအကျိုးတူကုမ္ပဏီတခုကို ငှားရမ်းပြီး ဆိုရှယ်မီဒီယာမှာ ဘာစီလိုအသင်းရဲ့ပုံရိပ်ကို ထိခိုက်စေမယ့် ဘယ်လို့ ပိုစ့်မျိုးကိုမဆို ဘယ်သူ့ရဲ့ ပိုစ့်ကိုမဆို ချက်ချင်းဖျက်ဆီးဖြုတ်ချဖို့လည်း ရည်ရွယ်တာဖြစ်ပါတယ်။ ဒီလိုမျိုး တတိယအဖွဲ့အစည်းတခုကို ငှားရမ်းလုပ်ဆောင်မှုတွေဟာ အားကစားဒါရိုက်တာ အဘီဒယ်နဲ့မက်ဆီတို့အကြား ငြင်းခုံမှုတွေအပြီးမှ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ တချို့သတင်းတွေအရ ဆိုရင်တော့ မက်ဆီဟာ အခုလိုပြောကြားထားခဲ့ပေမယ့် ဘာစီလိုနာသာ သူ့အတွက် အိမ်ဖြစ်ပြီးတော့ အာဂျင်တီးနားမှာ နေတဲ့အချိန်ထက်ပိုကြာကြောင်း ပြောပါတယ်။ ဒါ့အပြင် သူ့ဟာ သူကြိုက်နှစ်သက်ပျော်ရွှင်တဲ့ ဘဝမှာပဲ နေပျော်တယ်လို့ ဆိုခဲ့တာကြောင့် ဘာစီလိုနာအသင်းမှာပဲ ကစားသမားဘဝ အဆုံးသတ်သွားမယ့်သဘောမှာ ရှိနေပါတယ်။
1 year Ago

February 12, 2020

မက်ဆီ ဘာစီလိုနာအသင်းမှ ထွက်ခွာနိုင်ခြေရှိနေ

အသင်းကနေ မက်ဆီ ထွက်ခွာဖို့ဆိုတာ ခက်ခဲပေမယ့် ဘောလုံးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ဘာစီလိုနာအသင်းရဲ့ အမှုဆောင်ဟောင်းတဦးဖြစ်တဲ့ အာရီဒိုဘရိုင်ဒါက ပြောပါတယ်။  ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က မက်ဆီဟာ အသင်းရဲ့ ဘောလုံးဒါရိုက်တာ အဲရစ်အဘီဒယ်လ်နဲ့ သဘောထားကွဲလွဲတာတွေ ရှိခဲ့ပြီး နူးကမ့်ကို စွန့်‌ခွာတော့မယ့်သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့တာပါ။  ဒါပေမဲ့ တဖက်မှာလည်း မက်ဆီဟာ ဘာစီလိုနာအသင်းမှာပဲ အခြေချ ကစားသွားဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောကြားထားတာကြောင့် ဂန္ထဝင်ကစားသမားအဖြစ် ဆက်လက်ရှိမယ့် သတင်းတွေကလည်း ထွက်နေပါတယ်။  တချို့မီဒီယာမှာ ဖော်ပြချက်အရဆိုရင် ဂျူဗင်တပ်စ်မန်ချက်စတာယူနိုက်တက်မန်စီးတီးအင်တာမီလန် စတဲ့ အသင်းတွေဟာ မက်ဆီကို ပြောင်းရွှေ့ကြေး မြင့်မြင့်မားမား ပေးပြီး ခေါ်ယူဖို့တောင် အသင့်ရှိနေတယ်လို့ သိရပါတယ်။ မက်ဆီကတော့ ဘာစီလိုနာအသင်းနဲ့ လာမယ့် ၂၀၂၁ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။
1 year Ago
More News
Up