Warning: Empty row packet body in /var/www/html/burmese.dvb.no/dvb2020/wp-includes/wp-db.php on line 2056

Warning: mysqli_query(): (00000/0): in /var/www/html/burmese.dvb.no/dvb2020/wp-includes/wp-db.php on line 2056

Warning: Error while sending QUERY packet. PID=13989 in /var/www/html/burmese.dvb.no/dvb2020/wp-includes/wp-db.php on line 2056
ဘရာဇီးလက်ခံ – DVB

ဘရာဇီးလက်ခံ

December 4, 2020

တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးလုံးရေ ၁ သန်း ဘရာဇီးလက်ခံရရှိ

တရုတ်စီနိုဗက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးလုံးရေ ၁ သန်းကို ဘရာဇီး ဘူတန်တန် ဇီဝဗေဒ သုတေသနစင်တာက ဒီဇင်ဘာ ၃ ရက်မှာ လက်ခံရရှိခဲ့ပါတယ်။  စီနိုဗက်ကုမ္ပဏီဟာ ကာကွယ်ဆေးနှောင်းပိုင်း စစ်ဆေးမှုကို ဘူတန်တန်စင်တာမှာ ပြုလုပ်နေပါတယ်။  ကိုရိုနာဗက်ဆိုတဲ့ တရုတ်ကာကွယ်ဆေးထုပ်ပိုးတာနဲ့ တံဆိပ်ကပ်တာကို ဘရာဇီး ဇီဝဗေဒ သုတေသန စင်တာမှာ ပြုလုပ်သွားမှာပါ။  ဒါဟာ  ဒုတိယအကြိမ် တရုတ်ကာကွယ်ဆေး ဘရာဇီးကို ရောက်လာတာ ဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်ကလည်း တရုတ်ကာကွယ်ဆေးလုံးရေ ၁၂၀,၀၀၀   ဘရာဇီးကို ရောက်လာခဲ့ပါတယ်။  ဘူတန်တန် ဇီဝဗေဒသုတေသနစင်တာဟာ ဆောပေါ်လိုပြည်နယ်မှာ တည်ရှိပြီး ဒီဇင်ဘာ အကုန်မှာ ကာကွယ်ဆေးလုံးရေ ၆ သန်း နဲ့ ဇန်နဝါရီ ၁၅ ရက်မတိုင်မီ နောက်ထပ်  ကာကွယ်ဆေး လုံးရေ သန်း ၄၀ ရရှိမယ်လို့  ဆောပေါ်လိုပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။  ကာကွယ်ဆေးတွေက သန်းပေါင်းများစွာသော လူ့အသက်တွေကို ကယ်တင်နိုင်မယ်လို့ သူက ပြောဆိုပါတယ်။   ဘရာဇီးဟာ  ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၇၄,၀၀၀ ကျော်နဲ့ ကမ္ဘာမှာ အမေရိကန်ပြီးရင်   သေဆုံးသူ ဒုတိယအများဆုံး နိုင်ငံဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။  
5 months Ago
Up