ဘရာဇီး

January 27, 2021

ဘရာဇီးတွင် ဘတ်စ်ကားချောက်ထဲထိုးကျပြီး လူ ၁၉ ဦးထက်မနည်း သေဆုံး

ဘရာဇီးနိုင်ငံတောင်ပိုင်း ပါရာနာပြည်နယ်မှာ ခရီးသည် ၅၃ ယောက်ကို တင်လာတဲ့ ဘတ်စ်ကားတစီး ဇန်နဝါရီ ၂၅ ရက်က ချောက်ထဲ ထိုးကျခဲ့လို့ လူ ၁၉ ယောက်ထက် မနည်း သေဆုံးပြီး ၃၀ ကျော်  ဒဏ်ရာရပါတယ်။

သေဆုံးသူ ၁၉ ယောက်ထဲက ၁၅ ယောက်ကို ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ပြီးပြီလို့ ပါရာနာအရပ်ဘက် ရဲတပ်ဖွဲ့က  ပြောပါတယ်။

ထိခိုက်သေဆုံးသူတွေကို ကူညီဖို့ အရေးပေါ်ဌာနဝန်ထမ်းတွေဟာ အခင်းဖြစ်ရာကို အမြန်ရောက်လာပါတယ်။ ဒဏ်ရာရသူ အများအပြားက အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ ချောက်ထဲ ထိုးကျရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ခရီးသည် အများစုဟာ စန်တာကာတာရီနာပြည်နယ်ထဲက ကမ်းခြေမြို့ ဘယ်နေအာရီယို ကမ်ဘိုရီအူမြို့ဆီ သွားကြသူတွေလို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။

3 months Ago

January 24, 2021

ကမ္ဘာ့ကပ်ရောဂါကူးစက်မှု တတိယအများဆုံး ဘရာဇီးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စဖြန့်

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ကမ္ဘာ့တတိယမြောက် အဆိုးဆုံး ကူးစက်ခံနေရတဲ့ ဘရာဇီးနိုင်ငံမှာ ဇန်နဝါရီ ၂၃ ရက်ကစပြီး ကာကွယ်ဆေးတွေ ဖြန့်ဖြူးပေးနေပါတယ်။ AstraZeneca ပြည်သူ့ကော်ပိုရေးရှင်းထုတ် အသင့်သုံး ကာကွယ်ဆေးထိုးဆေး အလုံးရေ ၂ သန်းဟာ အိန္ဒိယနိုင်ငံကနေ ဘရာဇီးကို ဇန်နဝါရီ ၂၂ ရက်မှာ ရောက်လာခဲ့တာပါ။ ဘရာဇီးအစိုးရဟာ ရီယိုဒီ ဂျနေရိုအခြေစိုက် Fiocruz အဖွဲ့အစည်းနဲ့ AstraZeneca တို့ ပူးပေါင်းပြီး ပြည်တွင်းမှာ ကာကွယ်ဆေးထိုးဆေးလုံးရေ သန်း ၁၀၀ ထုတ်ဖို့ သဘောတူ ထားပေမယ့် ဆေးထုတ်ရာမှာ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ တရုတ်နိုင်ငံကနေ မှာယူထားတာ မရသေးဘဲ နှောင့်နှေးနေပါတယ်။ ဒါကြောင့် AstraZeneca က အိန္ဒိယမှာ ထုတ်ထားတဲ့ အသင့်သုံး ထိုးဆေး လုံးရေ  ၂ သန်းကို ပံ့ပိုးပေးဖို့ ဘရာဇီး အစိုးရကို သဘောတူခဲ့ပါတယ်။ အဲဒီနောက် ဘရာဇီး သမ္မတက အိန္ဒိယ ဝန်ကြီးချုပ်ဆီ စာတစောင် ပေးပို့တာ အပါအဝင် အကြီးစား သံခင်းတမန်ခင်း အားထုတ်မှုတွေအပြီး ကာကွယ်ဆေးတွေ ဘရာဇီးကို ရောက်လာခဲ့တာပါ။ ဘရာဇီးဟာ တရုတ်အခြေစိုက် စီနိုဗက် ဘိုင်အိုတက်ခ် လိမိတဒ်က တီထွင်ပြီး ဘရာဇီးနိုင်ငံ ဆောင်ပါလိုမြို့ ဘူတန်တန် အဖွဲ့အစည်းနဲ့အတူ ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို မှီခိုနေလို့ အရင်က အဝေဖန်ခံခဲ့ရပြီးပါပြီ။ နိုင်ငံအတွင်း ကူးစက်မှု ဒုတိယလှိုင်းဒဏ် အလူးအလဲ ခံနေရချိန်မှာ တရုတ်က တင်ပို့မှု နှောင့်နှေးပြီး ကာကွယ်ဆေးမရှိတဲ့အတွက် ဒိလုပ်ငန်းစဉ်ကို ကိုင်တွယ်ရတဲ့ လက်ယာစွန်း စစ်အရာရှိဟောင်း သမ္မတဟာ ဖိအားတွေ တိုးလာတာကို ရင်ဆိုင်ခဲ့ရပါတယ်။
4 months Ago
More News
Up