ဘရန်ဒန်ရော်ဂျာ

February 27, 2019

လက်စတာနည်းပြအဖြစ် ဘရန်ဒန်ရော်ဂျာကို ခန့်အပ်ရန် သဘောတူညီ

လက်စတာအသင်းဟာ လီဗာပူးနည်းပြဟောင်း ဘရန်ဒန်ရော်ဂျာကို ခန့်အပ်ဖို့ သဘောတူညီခဲ့ပြီလို့ သိရပါတယ်။ ရော်ဂျာဟာ စကော့တလန်ကလပ် ဆဲလ်တစ်အသင်းကို တာဝန်ယူ ကိုင်တွယ်နေတာဖြစ်ပြီး လက်စတာအသင်းက စာချုပ်ဖျက်သိမ်းပြီး ခေါ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။ လက်စတာစီးတီးအသင်းဟာ နည်းပြ ပူရယ်လ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက်မှာ ရော်ဂျာနဲ့ အစားထိုးဖို့ သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။ ဆဲလ်တစ်အသင်းကလည်း ရော်ဂျာအနေနဲ့ လက်စတာနဲ့ ဆွေးနွေးဖို့အတွက် ခွင့်ပြုခဲ့တယ်လို့ တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ မြောက်အိုင်ယာလန်နည်းပြ ဘရန်ဒန်ရော်ဂျာဟာ နည်းပြဘဝကို ချဲလ်ဆီး လူငယ်အသင်းနဲ့ စတင်ခဲ့ပြီး ဝတ်ဖို့ဒ်၊ ရက်ဒင်း၊ ဆွမ်ဆီးအသင်းတွေကို ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်မှာ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ၂၀၁၂ ကနေ ၂၀၁၅ ခုနှစ်အထိ လီဗာပူးအသင်းကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှာ လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားရဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး ၂၀၁၆ ခုနှစ်ကစလို့ ဆဲလ်တစ်အသင်းကို တာဝန်ယူနေတာ ဖြစ်ပါတယ်။
2 years Ago

February 26, 2019

ဆဲလ်တစ်နည်းပြ ဘရန်ဒန် ရော်ဂျာကို ခေါ်ယူရန် လက်စတာအသင်း ကြိုးပမ်း

လက်စတာအသင်းဟာ ထုတ်ပယ်လိုက်တဲ့ နည်းပြ ပူရယ်လ်ရဲ့နေရာမှာ ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာနဲ့ အစားထိုးဖို့ ကြိုးပမ်းနေပါတယ်။ ပြင်သစ်နည်းပြ ပူရယ်လ်ဟာ အသင်းရဲ့ နောက်ဆုံး ၉ ပွဲမှာ ၂ ပွဲပဲ အနိုင်ရခဲ့တာကြောင့် လက်စတာအသင်းက ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ လီဗာပူးနည်းပြဟောင်း ရော်ဂျာဟာ ဆဲလ်တစ်အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ခွဲ ကျန်ရှိနေတာဖြစ်ပေမယ့် လက်စတာအသင်းက ခေါ်ယူချင်တယ်ဆိုရင်တော့ စာချုပ်ဖျက်သိမ်းရမှာဖြစ်ပြီး လျော်ကြေး ပေါင် ၅ သန်း ပေးချေရနိုင်တယ်လို့ ဆိုပါတယ်။ လက်စတာအသင်းဘက်ကလည်း လျော်ကြေး ပေါင် ၅ သန်းပေးဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ လက်စတာအသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သက်ပြီး ရော်ဂျာကတော့  ဆဲလ်တစ်အသင်းနဲ့ ၂ နှစ်ခွဲစာချုပ် ကျန်နေသေးတဲ့အတွက် အသင်းအပေါ်မှာပဲ အာရုံစိုက်ထားတယ်လို့ ပြောပါတယ်။ လက်စတာအသင်းဟာ လက်ရှိအချိန်မှာတော့ လက်ထောက်နည်းပြ ဂျက်ကီကို ယာယီတာဝန်ပေးထားပါတယ်။
2 years Ago
More News
Up