ဘန်းနက်စ်နှင့်ဆာကာ

October 2, 2020

အင်္ဂလန်အသင်းတွင် ကယ်ဗတ်လီဝင်၊ ဘန်းနက်စ်နှင့်ဆာကာတို့ ပထမဆုံးအကြိမ် ရွေးချယ်ခံရ

အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်း ထုတ်ပြန်ခဲ့ရာမှာ ကစားသမားသစ် ၃ ဦး ပထမဆုံး အကြိမ် ရွေးချယ်ခံခဲ့ရပါတယ်။  အဲဗာတန်တိုက်စစ်မှူး ကယ်ဗတ်လီဝင်၊ လက်စတာက ဟာဗေးဘန်းနက်စ်နဲ့ အာဆင်နယ်က ဆာကာတို့ဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ ပထမဆုံးအကြိမ် ပါဝင်လာခဲ့ပါတယ်။  နည်းပြဆောက်ဂိတ်ဟာ ကစားသမား ၃၀ အထိ ရွေးချယ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့နိုင်ငံတကာ ရက် သတ္တပတ်မှာ အသင်းကနေ ပြန်လည်စေလွှတ်ခဲ့တဲ့ မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်နဲ့ မန်စီးတီး ကွင်းလယ်လူ ဖိုဒန်တို့ကိုတော့ ချန်လှပ်ခဲ့ပါတယ်။  ဂရိနိုင်ငံမှာ အပန်းဖြေရင်း ခိုက်ရန်ဖြစ်ပွားခဲ့လို့ အမှုရင်ဆိုင်ခဲ့ရတဲ့ မန်ယူအသင်း ခေါင်းဆောင် မက်ဂွိုင်းယားကိုတော့ နည်းပြဆောက်ဂိတ်က ဆက်ပြီး ရွေးချယ်ခဲ့ပါတယ်။   အာဆင်နယ်က မိန့်လန်နိုင်းစ်၊ ဝုဗ်က ကိုအာဒီ၊ လိဒ်ယူနိုက်တက်က ကယ်ဗင်ဖိလစ်စ်နဲ့ အက်စ်တွန်ဗီလာက ဂရီးလစ်ချ်တို့လည်း  ဆက်ပြီး ရွေးချယ်ခံခဲ့ရပါတယ်။  အင်္ဂလန်အသင်းဟာ  အောက်တိုဘာ ၉ ရက်မှာ ဝေးလ်နဲ့ ခြေစမ်းမှာဖြစ်ပြီး နေးရှင်းလိဂ် ပွဲစဉ်တွေအနေနဲ့ အောက်တိုဘာ ၁၁ ရက်မှာ ဘယ်လ်ဂျီယံ၊ အောက်တိုဘာ ၁၅ ရက်မှာ ဒိန်းမတ် အသင်းတွေနဲ့ ဆက်ပြီးကစားသွားရမှာဖြစ်ပါတယ်။
9 months Ago
Up