ဘတ် ၃၀၀၀ စီ ထောက်ပံ့

July 18, 2020

ကိုဗစ်-၁၉ ကပ်ဘေးသင့် ပြည်သူ ၇ သန်းနီးပါးကို ထိုင်းအစိုးရက ဘတ် ၃၀၀၀ စီ ထောက်ပံ့မည်

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ထိခိုက်ကျပ်တည်းခဲ့ရတဲ့ ပြည်သူတွေကို အစိုးရက ဘတ် ၃၀၀၀ စီထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ ဘဏ္ဍာရေးထိန်းချုပ်မှုဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဝီလဝမ်ဖရာနွိုင်က ဇူလိုင်လ ၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ ကပ်ဘေးသင့်ပြည်သူတွေအဖြစ် မှတ်ပုံတင်ထားတဲ့ ပြည်သူတွေရဲ့ ငွေစာရင်းထဲကို အစိုးရရဲ့ အရေးပေါ်ကယ်ဆယ်ရေးပေါ်လစီအနေနဲ့ ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ပြောလိုက်တာဖြစ်ပြီး ခံစားခွင့်ရရှိမယ့် ပြည်သူ ၆ ဒ သမ ၇၈ သန်းရှိမယ်လို့ ဆိုပါတယ်။ “အစိုးရအဖွဲ့အနေနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားရင်းမြစ်လုံခြုံရေးဝန်ကြီးဌာနဆီ ဒီထောက်ပံ့ကြေးကို ပေးနိုင်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ ဒီထောက်ပံ့ကြေးကို ဝန်ကြီးဌာနဆီ မှတ်ပုံတင်ထားတဲ့ ကပ်ဘေးသင့် မွေးကင်းစ ကလေးငယ်တွေ၊ သက်ကြီး ရွယ်အိုတွေ၊ မသန်စွမ်းတွေက ရရှိကြမှာ ဖြစ်ပါတယ်”လို့ ဝီလဝမ်က ပြောပါတယ်။ ဒီထောက်ပံ့ကြေးကိုတော့ ကိုဗစ်-၁၉ ကပ်ဘေးကာလတွေဖြစ်တဲ့ မေလကနေ ဇူ လိုင်လအထိ နောက်ကြောင်းပြန် တလကို လူတယောက်ကို ဘတ် ၁၀၀၀နဲ့ ထောက်ပံ့ ကြေး ၃ လစာ ဘတ် ၃၀၀၀ စီ တကြိမ်တည်း ပေးအပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
10 months Ago
Up